အက်စထရာဇန်နီကာ

January 31, 2021

အက်စထရာဇန်နီကာနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်ထုတ် ကိုဗစ်ဆေးကို ၁၈ နှစ်အထက်ထိုးရန် အတည်ပြု

ဥရောပ ဆေးဘက်ဆိုင်ရာ အေဂျင်စီက အက်စထရာဇန်နီကာ ကုမ္ပဏီနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် လူတွေ ထိုးနှံဖို့ အတည်ပြုရေး ထောက်ခံပေးလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ EU ရဲ့ ကျန်းမာရေး ကော်မရှင်နာမင်းကြီး စတဲလာ ကီရီယာကီဒတ်စ်က ဇန်နဝါရီ ၂၉ ရက်မှာ ကြိုဆိုလိုက်ပါတယ်။

ဥရောပ ဆေးကောင်စီရဲ့ အမှုဆောင်ညွှန်မှူး အီမာကွတ်ခ်က နယ်သာလန်မြို့တော် အမ်စတာဒမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာအပြီးမှာ ကီရီယာကီဒတ်စ်က ကြိုဆိုလိုက်တာပါ။ 

အင်္ဂလိပ်နဲ့ ဆွီဒင်အခြေစိုက် အဖွဲ့အစည်းတွေက တီထွင်လိုက်တဲ့ ဒီကာကွယ်ဆေးဟာ ဖိုက်ဇာနဲ့ မိုဒါနာ ကုမ္ပဏီတွေက တီထွင်တဲ့ ကာကွယ်ဆေးတွေထက် ကိုင်တွယ်ရ ပိုလွယ်တယ်လို့ သူက ပြောပါတယ်။

ဥရောပတလွှား ကာကွယ်ဆေး ဖြန့်ဖြူးဖို့ သယ်ယူပို့ဆောင်ရေးက ရိုးရှင်းသင့်တယ်၊ အဖွဲ့ဝင်နိုင်ငံတွေမှာ ကာကွယ်ဆေး ပိုတိုးထိုးနိုင်ဖို့ မျှော်လင့်တယ်” လို့ သတင်းထောင်တွေကို ပြောခဲ့ပါတယ်။

အက်စထရာဇန်နီကာနဲ့ အီးယူတို့ဟာ ကာကွယ်ဆေး ထိုးဆေးလုံးရေ သန်းလေးရာထိ ဝယ်ဖို့ သဘောတူညီချက်ကိုလည်း လက်မှတ် ရေးထိုးပြီးပါပြီ။ 

ဘယ်လ်ဂျီယံနိုင်ငံထဲက စက်ရုံမှာ ထုတ်လုပ်မှု ပြဿနာကြောင့် အရင်အပတ်က အက်စ်ထရာ ဇေနေကာက အီးယူကို ပံ့ပိုးမယ့် ဆေးပမာဏ ၆၀ ရာခိုင်နှုန်းထိ လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂတခွင်လုံးမှာ စိတ်ပူတဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

9 months Ago

December 22, 2020

အက်စထရာဇန်နီကာ နှင့် စပွန်းနစ်-၅ တို့ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မည်

ဗြိတိန်ဆေးဝါးထုတ်လုပ်သူ အက်စထရာဇန်နီကာက သူ့ရဲ့ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး စပွန်းနစ်-၅ ထိုးဆေးနဲ့အတူ ပေါင်းစပ် စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီဇင်ဘာ ၂၁ ရက်မှာ ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။ အက်စထရာဇန်နီကာရဲ့ အမှုဆောင်အရာရှိချုပ် ပါစကယ်ဆိုရီယေ့ာတ်ကို ပူတင်က ချီးကျူးကာ လက်တွေ့ စမ်းသပ်တာတွေ စတင်တော့မယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ ဗြိတိန်ကုမ္ပဏီ အက်စထရာဇန်နီကာ၊ စပွန်းနစ်-၅ ထိုးဆေးကို တီထွင်သူ ရုရှားရဲ့ ဂါမာလေယာ တက္ကသိုလ်၊ ရုရှားရဲ့ RDIF ရန်ပုံငွေအဖွဲ့နဲ့ ရုရှားဆေးဝါးထုတ်လုပ်သူ အာရ်ဖှာမ်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချုပ်ကို လက်မှတ်ရေးထိုးပွဲကိုလည်း ပူတင်က အင်တာနက် ရုပ်သံညီလာခံကနေ ကြီးကြပ်ခဲ့ပါတယ်။ လက်ရှိဆောင်ရွက်နေဆဲ လက်တွေ့စမ်းသပ်ချက်တွေအရ စပွန်းနစ်-၅ ဟာ ထိရောက်နှုန်း ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး အက်စထရာဇန်နီကာ ရဲ့ ကာကွယ်ဆေးထက် ပိုမြင့်နေတာပါ။ အမေရိကန် ပြိုင်ဘက် ဖိုက်ဇာနဲ့ မိုဒါနာတို့နဲ့ အရည်အသွေး ဆင်တူနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ ရုရှားနဲ့ ဗြိတိန် ကာကွယ်ဆေးတွေ ပူးပေါင်းပြီး လက်တွေ့ စမ်းသပ်တာကို မကြာခင် နိုင်ငံ ၃ နိုင်ငံမှာ လုပ်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းထဲက နိုင်ငံတွေမှာ စမ်းသပ်မယ်လို့  ရုရှား RDIF ရဲ့ အကြီးအကဲ ကီရေးလ် ဒမစ်ထရစ်က ပြောပါတယ်။ ထိရောက်မှု မြင့်မြင့်နဲ့ ကာကွယ်နိုင်မယ်လို့ ရုရှားက မျှော်လင့်ထားတယ်လို့ ဒမစ်ထရစ်ဗ်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ တချိန်က  ဗြိတိန်နဲ့ ရုရှားဟာ စစ်အေးခေတ် ရန်ဘက် ဖြစ်ခဲ့ဖူးတာပါ။ အခုတော့ ဗြိတိန်ရဲ့ အဖိုးတန်ဆုံ စာရင်းဝင် ကုမ္ပဏီရဲ့ ရုရှားအစိုးရ ရန်ပုံငွေနဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ရုရှား သုတေသနဌာနတို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ လူ ၁ ဒသမ ၆ သန်းကျော် သေဆုံးခဲ့တဲ့ ကပ်ရောဂါဘေးကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ ကာကွယ်ဆေး တီထွင်ရေး ဖိအားများပုံကို မီးမောင်း ထိုးပြနေပါတယ်။
10 months Ago
Up