မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့မျက်စိကျနေတဲ့ အက်စတွန်ဗီလာအသင်း ခေါင်းဆောင် ဂျက်ဂရေးလစ်ရှ်ကို စိတ်ဝင်စားလာတဲ့ အသင်းတွေထဲမှာ စပိန်ထိပ်သီးအသင်း နှစ်သင်းလည်း ပါဝင်လာပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂရေးလစ်ရှ်ဟာ ယူနိုက်တက်ဂန္တဝင် အဲရစ်ကန်တိုနာနဲ့ ကစားပုံ ဆင်သူ တယောက်အဖြစ် ခိုင်းနှိုင်းခံထားရပြီးတော့ ဒီရာသီ ဗီလာအသင်းအတွက် အကောင်းဆုံးခြေ စွမ်းပြထားနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဂျိမ်းစ်မက်ဒီဆင်ကို အဓိက ပစ်မှတ်ထားနေပြီး လက်စတာစီးတီးအသင်းရဲ့ အခြေအနေပေါ်မူတည်နေတာကြောင့် ဒုတိယပစ်မှတ်ကစားသမား အဖြစ် ဂရေးလစ်ရှ်ကို စိတ်ဝင်စားနေပါတယ်။
1 year Ago