အက်စတာဒေါ့သ်ချင်းဆုန်

August 7, 2020

မြန်မာအိုင်ဒေါ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် သီချင်းသစ်-“Unseen”(ရုပ်သံ)

       ပရိသတ်အားပေးမှုတွေနဲ့ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရရှိ ခဲ့တဲ့ တေးသံရှင် အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ပထမဆုံး ဆင်ဂယ်လ်သီချင်းတပုဒ် ထွက်ရှိ လာခဲ့ပါတယ်။        “Unseen”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဆလိုင်းက ရေးစပ် ပေးထားခဲ့ပြီး အက်စတာရဲ့ ခပ်ဆွေးဆွေး သီဆိုဟန်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။        “ညတရေးနိုး မနက် ၂ နာရီထိုးလို့… အရင်လိုဖုန်းလေးဖွင့်… ဟိုဒီလျှောက်နှိပ် ကြည့်နေတုန်း… မင်းကမအိပ်သေးဘူး… လိုင်းသုံးနေတာလားအခု… ပုံမှန်မရှိတော့တဲ့ ဟန်နီကောင်းသောည စကား… ပုံပြောပြီးတော့မင်းလှည့်စားတာလား… တခါတည်း ပြတ်ပြတ်သား ထားကာသွား”        အသက် ၂၂ နှစ်အရွယ် ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်ဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ Top Finalists ၁၁ ယောက်ထဲမှာ ပါဝင်ခဲ့အ ပြီး တဆင့်ပြီးတဆင့် ပရိသတ်တွေ ရရှိခဲ့သူပါ။        ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့ကြတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ တနိုင်ငံလုံးက ရွက်ပုန်းသီး ဂီတဝါသနာရှင်တွေ၊ အနုပညာရှင်တွေ အမြောက်အမြားပါဝင် နေခဲ့တာမို့ လွယ်ကူတဲ့ ပြိုင်ပွဲတခုတော့ မဟုတ်ခဲ့ပါဘူး။ နောက်ဆုံးဖိုင်နယ်အဆင့်ထိ ရောက်ရှိနိုင်ဖို့ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်း တွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံးသီတင်းပတ် Performance Show ၊ ရော့ခ်သီချင်း များနဲ့ သီတင်းပတ် ၊ တက္ကသိုလ် အမှတ်တရ သီချင်းတွေနဲ့ ည ၊ ကန်းထရီး သီတင်းပတ် ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းများနဲ့ အကျိုးပြုသီချင်းတွေနဲ့ ည ၊ စိုးလွင်လွင် သီချင်းတွေနဲ့ ည ၊ဟေမာန်ဆောင်းသီချင်းတွေနဲ့ ည ၊ ထင်ရှားကျော်ကြားသီချင်းများနဲ့ သီတင်းပတ်စတဲ့ အဆင့်ဆင့်ကို ကျေိာ်ဖြတ်ခဲ့ရတာ ဖြစ် ပါတယ်။ Grand Final အဆင့်ကိုတော့ အက်စတာနဲ့အတူ နာမည်ကြီး ပြိုင်ပွဲဝင် ၂ ယောက် ဖြစ်ကြတဲ့ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုန်းတို့ ပါဝင်လာခဲ့ပြီးမှာ အကြိတ်အနယ် သီဆိုယှဉ် ပြိုင်ခဲ့ပြီး Winner ဆုကို အက်စတာက ရရှိသွားခဲ့တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးခဲ့ကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။ Season 4 ထိတိုင် အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာအိုင်ဒေါစ တားတွေဟာလည်း ဂီတလမ်းကြောင်းတွေပေါ် လျှောက်လှမ်းနေခဲ့ကြပြီဖြစ်ကာ ခုထွက် ရှိလာခဲ့တဲ့ သီချင်းထဲမှာရော အက်စတာက ဘယ်လိုအစွမ်းပြသီဆိုထားမလဲဆိုတာကို ခံ စားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ “နင်ဘယ်သူနဲ့ပြော နင်ဘယ်သူနဲ့ Chat နေတယ်… စာတိုလေးတော့ ဘာလို့ Reply မလုပ်လဲ ငါသိတယ်… စိတ်ထဲအလိုလို ပူမိတယ်... ငါဟာ နင့်အတွက် ဘာလို့ အ ရေးမကြီးတာလဲ... ဘယ်သူက ငါ့ထက် ပိုလို့ အရေးကြီးနေတယ်... ငါသိတယ်… လမ်းခွဲ ချင်နေတာ သိတယ်... ငါ့ရဲ့စာတိုလေးရယ်… အရေးမလုပ်တဲ့နင့် Unseen ရယ်… Its Gone...”
1 year Ago

November 15, 2019

‘အချစ်တွေနဲ့ လွမ်းနေတယ်’ သီချင်းဖြင့် မြန်မာအိုင်ဒေါညကို သိမ်းပိုက်သွားသည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)

“ကံ့ကော်တွေနဲ့ဒီလမ်းရယ်… ကန်ရေထက် ဖြတ်လျှောက်လာတဲ့ လေပြေညင်း ရယ်… သတိရမိနေတယ်… အတိတ်က အဖြစ်တွေရယ်… တခါပြန်ထပ်ပြီး ရချင်တယ်” မနေ့ညက တက္ကသိုလ်အမှတ်တရသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲညမှာတော့ ပြိုင်ပွဲဝင်အက်စတာဒေါ့သ်ချင်းဆုန်က အချစ်အလွမ်းဖွဲ့ သီချင်းတပုဒ်နဲ့ အားလုံးကိုပါ  ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ဒီသီချင်းကတော့ ‘အချစ်တွေနဲ့ လွမ်းနေတယ်’ အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး အချစ်ဖြင့်လွမ်းစေရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ နာမည်ကြီးတေးသံရှင် မဒီက သီဆိုပေးထားတာဖြစ်ပြီး တေးရေး ရယ်ဂျီ က ရေးစပ်ပေးထားခဲ့တာပါ။ “အချစ်ဆိုတာလည်း အခက်သားကွယ်… ထာဝစဉ် ပေးဆပ်ရရင်လည်း… ကျေနပ်နှစ်သိမ့်နိုင်တယ်… တိုတောင်းတဲ့ ဒီဘဝထဲ… ရင်ထဲအချစ်က အေးမြတယ်… တို့နှစ် ဦးဆုံခွင့် မရှိရင်လည်း” အချစ်ဖြင့်လွမ်းစေရုပ်ရှင်ကားကတော့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ စာရေးဆရာမနုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ်နောက်ခံ လွမ်းမောဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းကို ပေါ်လွင်စေတဲ့ ဒီ သီချင်း ဟာ  အက်စတာရဲ့ ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်အသံနဲ့အတူ တမူထူးခြားနေခဲ့တာကို တွေ့ရပါတယ်။ အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် ချောစုခင်ရဲ့ ကိုယ့်အတွက်အိပ်မက်မင်းမက်လား၊ ဒုတိယသီချင်းပတ် Rock Weekမှာတော့ တေးသံရှင် ကော်နီရဲ့ ရင်ကိုဖွင့်လိုက်စမ်းသီချင်းတွေနဲ့အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီး တဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။ “လွမ်းနေမယ်… ပြန်လာပါ ချစ်သူရေ… စောင့်မျှော်နေတယ်… ပြန်လာမယ့် နေ့ ရက်တိုင်ကွယ်… ဘဝကံကြမ္မာရယ် ဘာကြောင့်များ တို့နှစ်ယောက် ဝေးစေသလဲ… တောင်းပန်တယ် အရင်လို အတူရှိချင်တယ်… အနားမှာကွယ် အချိန်တွေတိုင်း ပေးဆပ် လိုက်ချင်ရဲ့” ချင်းတိုင်းရင်းသူလေး အက်စတာဟာ ဒီသီချင်းကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ လှလှပပ သီဆိုပြသွား ခဲ့ပြီး လွမ်းဆွေးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ မယ်လိုဒီတေးသွားတွေနဲ့အတူ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ သီချင်းဆုံးတဲ့ အချိန်ထိ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါ တယ်။ သီချင်းအလှည့်အပြောင်းတွေနဲ့အစွမ်းကုန်လှပစွာ သီဆိုခဲ့တဲ့ အက်စတာရဲ့ သီဆို ယှဉ်ပြိုင်မှု အတွက် ဒိုင် ၃ ယောက်လုံးက မတ်တပ်ရပ်အားပေးခဲ့ပြီး သီချင်းအဆုံးမှာ ဒိုင်တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက စင်ပေါ်ထိတက်ပြီး ပွေ့ဖက်အားပေးခဲ့တာကို တွေ့ရပါတယ်။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။ အက်စတာရဲ့ Voting No.ကတော့ 77708 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။ Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။ ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
2 years Ago
Up