အကျင့်ပျက်ခြစားမှု စွဲချက်ကြောင့် ဘန်ကောက်မြို့တော်ဝန်ကို တာဝန် ခေတ္တဆိုင်းငံ့

A d v e r t i s e m e n t With Us

August 26, 2016

အကျင့်ပျက်ခြစားမှု စွဲချက်ကြောင့် ဘန်ကောက်မြို့တော်ဝန်ကို တာဝန် ခေတ္တဆိုင်းငံ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဝန် ဆုဟမ်ဟမ်း ပါရီဘာထရာကို အကျင့်ပျက်ခြစားမှု စွဲချက်ကြောင့် တာဝန်ကနေ ခေတ္တဆိုင်းငံ့ထားပါတယ်။ ဘတ် ၃၉ ဒသမ ၅ သန်း အပါအ၀င် မြို့တော်ရဲ့ ငွေကြေးတွေကို လွဲမှားစွာ အသုံးချနိုင်ချေရှိတဲ့အတွက် ထိုင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ် လက်ရှိမြို့တော်ဝန်ရာထူးမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့် လစာငွေခံစားခွင့်ကိုတော့ အသိပေးချက် တစုံတရာ မရောက်မချင်း ဆိုင်းငံ့ထားမှာလို့ ဆိုပါတယ်။ သြဂုတ် ၂၅ ရက် တော်ဝင်ဂဇက်မှာ ဘန်ကောက်မြို့တော်ဝန်ရဲ့ရာထူး ဆိုင်းငံ့ထားမှုကို ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရာမှာ တစုံတရာ အမှားအယွင်း မတွေ့ရဘူးဆိုရင်တော့ မူလရာထူးကို ပြန်ရမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ရုံး လက်ထောက်ပြောခွင့်ရက ပြောပါတယ်။ မြို့တော်ဝန်ကတော့ သူ အမှားအယွင်းတစုံတရာ ကျူးလွန်တာ မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါ့အပြင် ကုန်းခဲက ဘန်ဖိုင်းမြို့တော်ဝန် ပီဆတ်ပီယုရာကိုလည်း တာဝန်က ဆိုင်းငံ့ထားတယ်လို့ ထိုင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။ ဘန်ဖိုင်းမြို့တော်ဝန်က သတင်းထောက် ၅ ဦးကို ရုံးမှာ ပိတ်ထားခဲ့သလို တဦးရဲ့ အ၀တ်အစားတွေကို ချွတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ Premsak-Piayura-Daily-Newsဒေးလီးနယူးက သတင်းတပုဒ်မှာ အသက် ၅၁ နှစ်အရွယ် အိမ်ထောင်သည် ပီဆတ်က အသက် ၁၆-၁၇ လောက်ရှိမယ့် အမျိုးသမီးနဲ့ စေ့စပ်နေတဲ့သတင်းကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တာကို စိတ်ဆိုးဒေါသထွက်ကာ အခုလို လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံထားရပါတယ်။ ဒီဖြစ်ရပ်သာ မှန်ကန်ခဲ့ရင် ပီဆတ်ကတော့ မြို့တော်ဝန်ရာထူးကနေ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။
5 years Ago
Up