အကျင့်ပျက်ရဲအရာရှိများကို အရေးယူရန် တိုင်ကြားသည့်ရဲတပ်သား ၅ ဦးကို အပြီးသတ်စစ်ဆေး

May 21, 2018

အကျင့်ပျက်ရဲအရာရှိများကို အရေးယူရန် တိုင်ကြားသည့်ရဲတပ်သား ၅ ဦးကို အပြီးသတ်စစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိတိုက်ဖျက်​ေ​ရး​ေက်ာမရှင်​ထံ အကျင့်ပျက် ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့တိုင်ကြားခဲ့တဲ့ ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သား ၅ ဦးကို မန္တ​လေးခရိုင် ​ရဲတရားရုံးမှာ အပြီးသတ်​စစ်​​ဆေးနေပါတယ်။ ဧပြီ၂၅ ရက်ညက ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရွာ​မှာ ဖမ်းဆီးမိတဲ့ သစ်တွေနဲ့အတူတရားခံကို အမှုဖွင့်ဖို့ ​ စီစဉ်​​နေစဉ်​မှာ တရားခံ နှစ်ေ​​ယာက်ကို လွှတ်​​ပေးလိုက်​ပြီး ပိုင်ရှင်မဲ့အဖြစ် မမှန်မကန်အမှုဖွင့်ခဲ့တဲ့ တာဝန်​ရှိစခန်းမှူးနဲ့ နယ်​ထိန်း​ခေါင်း​ဆောင်​တို့ကို အ​ရေးယူ​ပေးဖို့​ ရဲတပ်သား ၅ ဦးက မေလ ၂ရက်မှာ သက်ဆိုင်ရာကို တိုင်ကြားထားခဲ့တာပါ။ အဆိုပါ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ရဲတပ်သားကျော်စိုးဝင်း၊ ရဲတပ်သားထွန်းထွန်းဝင်း၊ ရဲတပ်သားရဲလင်းစိုး၊ ရဲတပ်သား ဇေယျာမောင်၊ ရဲတပ်သားချစ်ကိုတို့ ၅ ဦးကို ​မေလ ၂၁ ရက်​​မှာ မန္တ​လေးခရိုင်​ရဲ တရားရုံးကို ​ခေါ်ယူစစ်​​ဆေး​​ခဲ့ပါတယ်​။ ဒါ့အပြင် တာဝန်​မှူး ဒုရဲအုပ်​ကိုကိုလင်းနဲ့ သစ်​​တောဦးစီဌာနမှ တာဝန်​ရှိသူ​တွေကိုလည်း ​မန္တ​လေးခရိုင်​ရဲတရားရုံးမှာ ​စစ်​​ဆေး​နေတာပါ။ ဒုရဲအုပ်​ကိုကိုလင်းရဲ့ဇနီးဖြစ်​သူ မခိုင်​သဇင်​က “အမှုဖြစ်​စဉ်​မှာ ကျမ​ယောက်ျားမပါဘဲ တာဝန်​မှူးဖြစ်​လို့ဆိုပြီး မန္တ​လေးအမှတ်​(၂)စခန်းမှာ ထိန်းသိမ်းခံထားရတယ်။ ကျမတို့မိသားစု အရမ်းဒုက္ခ​ရောက်​ကြရတယ်​။ သမီးနှစ်​​ယောက်​နဲ့ဆို​တော့ ဘာလုပ်​ရမှန်းမသိဘူး။ ​တာဝန်​မှူး​ တော့ မှန်​တယ်​​လေ။ အမှုစစ်​မယ်​လုပ်​​တော့ သစ်​​ကားမိတဲ့ တရားခံက မရှိ​တော့​ဘူးလေ။ ဘယ်​လိုစစ်​ရမလဲမေးမိလို့ အခုလိုဖမ်းချုပ်​ပြီး ထိန်းသိမ်းခံရတာ ကျမတို့မိသားစုကို တတ်​နိုင်​သ​လောက်​ ကယ်​​ပေးကြဖို့ အကူညီ​တောင်းပါရ​စေ”လို့ ​ ပြောပါတယ်​။ ဒီဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး တိုင်​ကြားခဲ့တဲ့ရဲတပ်​သား​တွေနဲ့အတူ သက်​​သေ​တွေဖြစ်​တဲ့ ၈၈ ငြိမ်း/ပွင့်က ကိုစိုးသီဟ၊ ဦးကိုကိုလွင်၊​ သစ်​​တောဦးစီးက တာဝန်​ရှိသူ​တွေနဲ့ တာဝန်​မှူးဖြစ်​တဲ့ ဒုရဲအုပ်​ကိုကိုလင်းတို့ကို ဒီ​နေ့အပြီးသတ်​စစ်​​ဆေးပြီး ထုတ်​ပြန်​​ပေးသွားမယ်​လို့ မန္တ​လေးခရိုင်​ ရဲတပ်​ဖွဲ့မှူးရုံး ရဲအုပ်​ ညီညီမင်းက​ ပြောပါတယ်​။ ဒီအမှုမှာ ဝန်​ထမ်း​တွေကို အကျင့်ပျက်​ပြား​စေပြီး ​တရားဥပ​ဒေစိုးမိုး​ရေးကို ထိခိုက်​​အောင်​ လုပ်​​ဆောင်​​နေတဲ့ မုံလာထုပ်​(ခ)​အောင်​မိုးစိုးကိုလည်း  ပုဒ်​မ ၆ (၁)နဲ့ အ​ရေးယူထားပါတယ်​။ ၈၈ ငြိမ်း/ပွင့်က ဦးကိုကိုလွင်​က“မုံလာထုပ်​(ခ)​အောင်​မိုးစိုးကို ​ကျောက်​ဆည်​မြို့​ ဒေသခံ​တွေက ထိထိ​ရောက်​ရောက် ပြစ်​ဒဏ်​ချမှတ်​​ပေးဖို့လိုလား​နေကြသလို ၈၈ ငြိမ်း/ပွင့်အ​နေနဲ့လည်း တရားဥပ​ဒေစိုးမိုး​ရေးကို ထိခိုက်​​​စေပြီး မြို့ရဲ့တည်​ငြိမ်​မှု တရားဥပ​ဒေစိုးမိုး​စေမှုရှိ​စေဖို့​ ဝန်​ထမ်း အများစုကို အကျင့်ပျက်​ ခြစား​အောင်​ပြုလုပ်​​နေတဲ့အတွက် ရဲတပ်​သားငယ်​​တွေနဲ့ ပူး​ပေါင်း ​ဖော်​ထုတ်​ခဲ့တာဟာ ကြီး​လေးတဲ့ပြစ်​ဒဏ်​​ပေး​စေချင်​လို့ ဖြစ်​တယ်​”လို့ ပြောပါတယ်​။ ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်သား ၅ ဦးနဲ့ အတူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)က​ ဦး​ဆောင်​ လက်မှတ်ရေးထိုးပြီး ပြည်​ထဲ​ရေးဝန်​ကြီးဌာနနဲ့ သက်​ဆိုင်ရာ ဌာနအသီးသီးကို တိုင်​ကြားခဲ့တာဖြစ်ပါတယ်။
4 years Ago
Up