မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအက်ဂွဲရိုးက သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ပိုးရှိတဲ့ လူတစ်ဦးနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီးနောက်ပိုးကူးခံခဲ့ရတာဖြစ်ပြီး အခုချိန်မှာ သီးသန့် ခွဲခြားနေထိုင်နေပြီလို့လည်း အက်ဂွဲရိုးက ပြောပါတယ်။
အက်ဂွဲရိုးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာရှိနေသူဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နောက်ပိုင်းကတည်းက ကစားခွင့်မရခဲ့သူပါ။
သူဟာ ဒီအကြောင်းကို တွစ်တာမှာထုတ်ပြန်ခဲ့တာဖြစ်ပြီး အားလုံးဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
မန်စီးတီးအသင်းဟာ ကိုဗစ်-၁၉ အကူးစက်ခံရဆုံး ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အက်ဂွဲရိုးအပါအဝင် ကစားသမား ၉ ယောက် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
ဒီအထဲမှာ အဲရစ်ဂါစီယာ၊ ဂျေဆုနဲ့ ကိုင်လီဝေါ်ကာတို့လည်းပါဝင်ခဲပြီး ဂိုးသမား ကာဆင်နဲ့ အသက် ၁၈ နှစ်အရွယ်ကွင်းလယ်လူတို့လည်း ပါဝင်ပါတယ်။
အက်ဂွဲရိုး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းက နည်းပြ ဂွါဒီယိုလာ အတွက်ခေါင်းကိုက်စရာ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။
အက်ဂွဲရိုးဟာ ဒီရာသီမှာ မန်စီတီးအသင်းအတွက် ၉ ပွဲသာ ကစားပေးထားပြီး ကစားချိန် စုစုပေါင်း မိနစ် ၂၆၀ သာ ရှိပါတယ်။
1 month Ago