အက်သလက်တီကို နောက်ခံလူကို ခေါ်ယူရန် အာဆင်နယ် ညှိနှိုင်း

A d v e r t i s e m e n t With Us

August 19, 2016

အက်သလက်တီကို နောက်ခံလူကို ခေါ်ယူရန် အာဆင်နယ် ညှိနှိုင်း

အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာရှိတဲ့ နောက်တန်းအတွက် အက်သလက်တီကိုအသင်း နောက်ခံလူ ဂျီမီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်းက ဂျာမနီနောက်ခံလူ မူစတာဖီကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ဗလင်စီယာက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ကို အာဆင်နယ်က ပေးဖို့ ဆန္ဒမရှိတာကြောင့် အက်သလက်တီကိုအသင်းက ဂျီမီနက်ဇ်ကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဥရုဂွေးလက်ရွေးစင်ကြယ်ပွင့် ဂျီမီနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာလည်း ပေါင်သန်း ၄၀ ခန့်ရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ ငွေကြေးအတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။ ဂျီမီနက်ဇ်ဟာ အလားအလာရှိတဲ့ နောက်တန်းကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။
5 years Ago
Up