ဒီဇင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု ဒီ နောက်ဆုံးပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်က အက်သလက်တီကို မက်ဒရစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပေမယ့်လည်း အုပ်စု ဒုတိယနဲ့ပဲ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ဘိုင်ယန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပေးခဲ့တာပါ။
ပထမအကျော့ဆုံတုန်းက ဘိုင်ယန်က တဂိုး ဂိုးမရှိနဲ့ အက်သလက်တီကိုအသင်းကို ရှုံးထားပါတယ်။
ဒီပွဲမှာတော့ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက ဒီပွဲရှုံးပေမယ့် ၁၅ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
6 years Ago