စပိန်လာလီဂါပွဲစဉ် ၁၅ အဖြစ် ဗီလာရီးရဲလ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ဒီဇင်ဘာ ၁၂ ရက်ညက ယှဉ်ပြိုင်ရာ ဗီလာရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဗီလာရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၈ မိနစ်မှာ Manuel Trigueros၊ ၃၈ မိနစ်မှာ Jonathan dos Santos နဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ Roberto Soriano တို့က သွင်းယူပေးခဲ့တာပါ။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဗီလာရီးရဲလ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။
ဒီရာသီ ပေးဂိုး ၁၀ သာရှိသေးတဲ့ ဗီလာရီးရဲလ်ရဲ့ ခံစစ်ကလည်း တီကိုရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားထားနိုင်ခဲ့ပြီး လက်ရှိ လာလီဂါအသင်းတွေထဲမှာ ပေးဂိုးအနည်းဆုံးနဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဗီလာရီးရဲလ်ဟာ တီကိုကို ကျော်ဖြတ်ကာ အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး တီကိုကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago