စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုတာကြောင့် အက်သလက်တီကို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားလိုက်ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ် နည်းပြ၊ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပရိသတ်တွေကို ပြောကြားခဲ့တဲ့ နှုတ်ဆက်ဗွီဒီယိုဖိုင်မှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မိမိကို ပထမဆုံးဆုဖလား ရယူနိုင်စေခဲ့သလို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဂရစ်ဇ်မန်းက ပြောကြားခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နှစ်က အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ပြီး စာချုပ်သက်တမ်း တိုးခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေးအဖြစ် ပေါင် ၁၀၄ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကို ၂၀၁၄ ခုနှစ်က ဆိုစီဒက်အသင်းကနေ ပြောင်းရွှေ့လာတာပါ။ အသင်းအတွက် စုစုပေါင်း ၂၅၆ ပွဲမှာ ၁၃၃ ဂိုး သွင်းခဲ့ပြီး ဆုဖလားသုံးလုံး ရယူနိုင်ခဲ့ပါတယ်။
2 years Ago