စပိန်လာလီဂါက အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီကို လာလီဂါပွဲစဉ် ၃ ပွဲ ကြီးကြပ်ခွင့် တားမြစ်လိုက်ပါတယ်။
ဧပြီ ၂၃ ရက်က မာလာဂါကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲစဉ်မှာ အသက် ၄၅ နှစ်အရွယ် ဆီမြွန်နီက မာလာဂါအသင်း တိုက်စစ်ကို အနှောင့်အယှက်ပေးဖို့ ဘောလုံးကို ကွင်းထဲပစ်ပေးဖို့ ဘောလုံးကောက်တဲ့သူကို ညွှန်ကြားခဲ့ပါတယ်။
ဒီအတွက် ဒုတိယပိုင်းမှာ ပွဲကြည့်စင်ကို ပို့ခံခဲ့ရပြီး ဒိုင်လူကြီးတွေက ဆုံးဖြတ်ချက်ချတာ မှန်တယ်လို့လည်း သူက ပြောပါတယ်။
သူဟာ ဗယ်လက်ကာနိုနဲ့ပွဲ၊ လီဗန်တေးနဲ့ ဆဲလ်တာဗီဂိုတို့ရဲ့ အဝေးကွင်းပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
အက်သလက်တီကိုအနေနဲ့ အယူခံဝင်ဖို့အတွက် ၁၀ ရက် အချိန်ရရှိနေပါသေးတယ်။
အခုဖြစ်ရပ်ကြောင့် လာလီဂါပွဲစဉ်တွေမှာ ကြီးကြပ်ခွင့် ပိတ်ထားတာသာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကိုတော့ ကြီးကြပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
5 years Ago