အက်သလက်တီကို ချန်ပီယံလိဂ် အောင်မြင်မှု ရုပ်ရှင်ဇာတ်သိမ်းပိုင်းနှင့်တူဟု နည်းပြပြော

May 4, 2016

အက်သလက်တီကို ချန်ပီယံလိဂ် အောင်မြင်မှု ရုပ်ရှင်ဇာတ်သိမ်းပိုင်းနှင့်တူဟု နည်းပြပြော

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အပေါ် အောင်မြင်မှုဟာ ရုပ်ရှင်ဇာတ်သိမ်းပိုင်းနဲ့ တူတယ်လို့ စပိန် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောပါတယ်။ ပထမအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့ ဘိုင်ယန်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဝေးကွင်း စည်းမျဉ်းအရ အက်သလက်တီကိုက ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ နည်းပြက အောင်မြင်မှုနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောဆိုစဉ်မှာတော့ အတော်ကို စိတ်လှုပ်ရှားနေပါတယ်။ ဖိုင်နယ်မှာ ဘယ်သူနဲ့ ကစားကစား ကိစ္စမရှိသလို ကလပ်မှာ ဖြစ်ခဲ့တာကို ဂုဏ်ယူပြီး ကမ္ဘာ့အကောင်းဆုံး အသင်းကို အနိုင်ကစားနိုင်ခဲ့တယ်လို့ ဆီမြွန်နီက ပြောပါတယ်။ ဘိုင်ယန်က ပထမပိုင်းမှာ ကစားတာကောင်းသလို ပင်နယ်တီလွဲတာက တီကိုကို အသက်ဆက်ရှင်သန်စေခဲ့ပြီး တော်ရက်စ် ပယ်နယ်တီလွဲတဲ့အပေါ် နာကျင်ပေမယ့် နောက်ဆုံးမှာတော့ ရုပ်ရှင်လိုပါပဲလို့ ဆိုပါတယ်။
6 years Ago
Up