အက်ရှ်လေကိုးလ်

January 22, 2019

အက်ရှ်လေကိုးလ် ကြံ့ခိုင်မှုကောင်းသေးသည့်အတွက် ခေါ်ယူခြင်းဖြစ်ဟု လမ်းပတ် ပြော

အက်ရှ်လေကိုးလ်ဟာ ကြံ့ခိုင်မှု ကောင်းမွန်နေသေးတဲ့အတွက် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဒါဘီနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဒါဘီနည်းပြ ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးနဲ့ အင်္ဂလန်အသင်းတွေမှာ အတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း အက်ရှ်လေကိုးလ်ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီ အသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ပြီးနောက် အင်္ဂလန်မြေကို ပြန်လာခဲ့တာဖြစ်ပါတယ်။ အက်ရှ်လေကိုးလ်ဟာ ပရော်ဖက်ရှင်နယ်ပီသသူ ဖြစ်တာကြောင့် ကြံ့ခိုင်မှု ကောင်းမွန်နေဆဲဖြစ်ပြီး အသင်းကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ ကူညီပေးနိုင်လိမ့်မယ်လို့ ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။ အက်ရှ်လေကိုးလ်ကတော့ အမေရိကမှာ လွယ်လွယ်ကစားလို့ရပေမယ့် ချန်ပီယံရှစ်မှာတော့ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် အရင်ကထက် ပိုကြိုးစားရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
2 years Ago
Up