အက်ရှ်တန်မာတင်ကုမ္ပဏီ

September 15, 2018

အက်ရှ်တန်မာတင်ကုမ္ပဏီက ပထမဆုံး လျှပ်စစ်ပြိုင်ကား မိတ်ဆက်

အက်ရှ်တန်မာတင် မော်တော်ကားကုမ္ပဏီဟာ ပထမဆုံး လျှပ်စစ်ပြိုင်ကားကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ရက်ဘစ်အီး  လျှပ်စစ်ပြိုင်ကားဟာ သမားရိုးကျနဲ့ ခေတ်မီပုံစံ နှစ်မျိုးကို ပေါင်းစပ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရက်ဘစ်အီး ပြိုင်ကားဟာ လျှပ်စစ်စနစ်တွေ ပေါင်းစပ် အသုံးပြုတာဖြစ်တဲ့အတွက် နည်းပညာအဖွဲ့အနေနဲ့ ကားရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာသာမက ယာဉ်တခုလုံးအနေနဲ့ပါ အတော်လေး စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ အက်ရှ်တန်မာတင် ကုမ္ပဏီ တာဝန်ရှိသူ တဦးက ပြောပါတယ်။ အဲဒီ ကာဗွန်ဖိုင်ဘာပြိုင်ကားကို William Advanced Engineering က  Formula ပြိုင်ကားထုတ်လုပ်သူ အင်ဂျင်နီယာတွေက ဖန်တီးခဲ့တာပါ။ ပုံမှန် ရက်ဘစ်ပြိုင်ကားတွေမှာဆိုရင် V12 အင်ဂျင်၊ ဂီယာဘောက်စ်နဲ့ လောင်စာကန်တို့ ပါရှိပါတယ်။ အခု ရက်ဘစ်အီး လျှပ်စစ်ပြိုင်ကားမှာတော့ အဲဒီအစား လျှပ်စစ်မော်တာ နှစ်ခုနဲ့ အရည်အအေးပေးစနစ် ဘက်ထရီတို့ ပါဝင်ပါတယ်။ အဆိုပါ လျှပ်စစ်ပြိုင်ကားဟာ ခရီးမိုင် ၂ဝဝ ကျော် မောင်းနှင်နိုင်ပြီး အမြန်နှုန်း အမြင့်ဆုံးအနေနဲ့ ၁ နာရီ   ၁၅၅ မိုင် အထိ မောင်းနှင်နိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up