အက်ရှင်ကား

January 8, 2019

စွန့်စွန့်စားစား အက်ရှင်အသားပေး ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်အကြိုက် - Sgt. Will Gardner (နမူနာ)

စွန့်စွန့်စားစား အက်ရှင်အသားပေး ဟောလိဝုဒ် ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Sgt. Will Gardner ရုပ်ရှင်ကားကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် သရုပ်ဆောင် ဒါရိုက်တာ MaxMatini က သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ရိုက်ကူး သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မသန်စွမ်း အီရတ်စစ်ပြန် Sgt. WillGardner ရဲ့ ဘဝဇာတ်ကြောင်းတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ သူဟာ စစ်ပွဲကာလတွင်းမှာ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကွဲကွာသွားခဲ့တဲ့ သားဖြစ်သူနဲ့ မိသားစု ပြန်လည်ဆုံဆည်းနိုင်ဖို့ ဆိုင်ကယ်နဲ့ နိုင်ငံအနှံ့ ခရီးဆက်ကြိုးစားခဲ့တဲ့ ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Sgt. Will Gardner အဖြစ် သရုပ်ဆောင်မင်းသား Max Matini က အဓိကခေါင်းဆောင်အဖြစ် ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Dermot Mulroney, Gary Sinise,  Robert Patrick တို့ကလည်း အားဖြည့် ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကတော့ ကြာမြင့်ချိန် ၉၈ မိနစ်ရှိပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
3 years Ago
Up