အက်ဖ်၁၆

August 12, 2015

အမေရိကန်လေတပ်သုံး အက်ဖ် ၁၆ တိုက်လေယာဉ် ဂျာမနီတောင်ပိုင်းတွင် ပျက်ကျ

အမေရိကန်လေတပ်သုံး အက်ဖ် ၁၆ တိုက်လေယာဉ်တစီး ဂျာမနီနိုင်ငံတောင်ပိုင်းက သစ်တောထဲကို သြဂုတ် ၁၁ ရက်နေ့က ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးကတော့ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့တယ်လို့ ရဲနဲ့ အမေရိကန်လေတပ် အရာရှိတွေက ပြောပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အချိန်ယူရနိုင်တယ်လို့လည်း ဂျာမန်အရာရှိတွေက ဆိုပါတယ်။ ဘာဗားရီးယားဒေသမှာ အမေရိကန်စစ်တပ်က သင်တန်းလေ့ကျင့်ပျံသန်းစဉ် ပျက်ကျတာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လေ့ကျင့်ရေး လက်နက်ခဲယမ်း ၂၅ ပေါင်ပဲ ပါပါတယ်။ အရေးပေါ် ဝန်ဆောင်မှု အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အထင်ကြီး ချီးကျူးမိတယ်လို့ ဥရောပရောက် အမေရိကန်စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ လေယာဉ်မှူးကို သစ်တောထဲမှာ ဖြတ်သွားဖြတ်လာ လူတွေက တွေ့ခဲ့ပြီး အသေးစား ဒဏ်ရာတွေအတွက် အနားက ဆေးရုံမှာ ကုသမှု ခံယူနေဆဲလို့ ဒေသတွင်း ရဲက ပြောပါတယ်။
6 years Ago
Up