အက်ဖ်အေဖလား အိပ်စတာ ၂ - ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)

January 9, 2016

အက်ဖ်အေဖလား အိပ်စတာ ၂ - ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၈ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ်မှာတော့ အိပ်စတာ စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ ၂-၂ ဂိုးနဲ့ သရေကျသွားပါတယ်။ အိပ်စတာအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၉ မိနစ်မှာ တွန် နီကိုးလ်က သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးအသင်းအတွက် ချေပဂိုးကိုတော့ စင်ကလဲယားက ပွဲချိန် ၁၂ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး ပထမပိုင်းပြီးဆုံးခါနီး ၄၅ မိနစ်မှာ အိမ်ရှင် အိပ်စတာအသင်းအတွက် လီဟိုလ်မက်စ်က ၁ ဂိုး သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်အသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၇၂ မိနစ်မှာ စမစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အိပ်စတာ စီးတီးအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲ သရေကျခဲ့တာကြောင့် နောက်တကျော့ လီဗာပူးကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
7 years Ago
Up