အက်ဖ်အေဖလား လီဗာပူးက ၀ု့စ်ဘတ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

January 29, 2017

အက်ဖ်အေဖလား လီဗာပူးက ၀ု့စ်ဘတ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ နာမည်ကြီး လီဗာပူးအသင်းကို ၀ု့စ်ဘက်အသင်းက အနိုင်ရသွားပါတယ်။ ချန်ပီယံရှစ်တန်းက ၀ု့စ်ဘက်အသင်းက လီဗာပူးကို ဦးဆောင်ဂိုးတွေ သွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ၀ု့စ်ဘက်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁ မိနစ်မှာ စတီယာမန်းက သွင်းယူပါတယ်။ လီဗာပူးဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင့်ခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ၀ု့စ်ဘက်အတွက် ဒုတိယဂိုးကို ၄၁ မိနစ်မှာ ဝေမန်းက သွင်းယူပါတယ်။ လီဗာပူးဟာ ဒီပွဲမှာလည်း အရန်အများစုနဲ့ ပွဲထွက်လာတာပါ။ လီဗာပူးအတွက် တလုံးတည်းသော ချေပဂိုးကို ၈၆ မိနစ်မှာ အိုရီဂီက သွင်းယူပါတယ်။ လီဗာပူးအသင်းဟာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် ရှုံးတာ ဖြစ်ပါတယ်။ ၀ု့စ်ဘက်ကတော့ ဒီပွဲနိုင်ပြီး အက်ဖ်အေဖလား ပဥမအဆင့်ကို တက်လှမ်းသွားပါတယ်။
4 years Ago
Up