အက်ဖ်အေဖလား မန်ယူ ၂-၀ ဒါဘီကောင်တီ (ရုပ်သံဟိုက်လိုက်)

January 6, 2018

အက်ဖ်အေဖလား မန်ယူ ၂-၀ ဒါဘီကောင်တီ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းကြီး မန်ချက်စတာ ယူနှိုက်တက်အသင်းက အင်္ဂလန် ချန်ပီယံရှစ် ဒုတိယနေရာက ဒါဘီကောင်တီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပေမယ့် ဒါဘီကောင်တီအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်တဆင့်ကို တက်ရောက်သွားတာပါ။ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲကစားချိန်ပြီးခါနီး ၈၄ မိနစ်နဲ့ ၉၀ တို့မှာ လင်ဂတ်နဲ့ လူကာကူတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးပေါက်ပျောက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေတဲ့ တိုက်စစ်မှူး လူကာကူကို ဒုတိယပိုင်းမှာမှ ထည့်သွင်းကစားခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up