အက်ဖ်အေဖလား မန်ယူ ၁-၀ ရှဖီးယူနိုက်တက် (ရုပ်သံဟိုက်လိုက်)

January 10, 2016

အက်ဖ်အေဖလား မန်ယူ ၁-၀ ရှဖီးယူနိုက်တက် (ရုပ်သံဟိုက်လိုက်)

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒုတိယတန်းကလပ် ရှဖီး ယူနိုက်တက်နဲ့ အက်အေဖလား တတိယအဆင့် ပွဲစဉ်မှာ တိုက်စစ်မှူး ရွန်နီရဲ့ နောက်ဆုံးမိနစ်မှာ သွင်းတဲ့ဂိုးနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲစဉ်မှာ မန်ယူအတွက် အနိုင်ဂိုးကို မိနစ် ၉၀ မှာ ရွန်နီက ပင်နယ်တီကနေ ကန်သွင်းယူတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒီပေကြောင့် မန်ယူ ကစားပုံ ပိုကောင်းလာပြီး ပင်နယ်တီလည်း သူ့ရဲ့ ထိုးဖောက်မှုကနေ ရခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ဒီပေက ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူဟာ အက်ဖ်အေဖလား စတုတ်ထအဆင့်ကို တက်ရောက်သွားပါတယ်။
6 years Ago
Up