အက်ဖ်အေဖလား မန်စီးတီးနှင့်စပါးတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

January 29, 2017

အက်ဖ်အေဖလား မန်စီးတီးနှင့်စပါးတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၂၈ ရက်နေ့ညက အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာပဲ မန်စီးတီးနဲ့ စပါးအသင်းတို့ နိုင်ပွဲ ကိုယ်စီ ရသွားပါတယ်။ မန်စီးတီးက အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့တာပါ။ အနိုင်ဂိုးတွေကို စတာလင်၊ ဆာနီနဲ့ တိုရေးတို့က အသီးသီး သွင်းယူပါတယ်။ တိုက်စစ်မှူး ဆာနီဟာ မန်စီးတီးအတွက် ၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။ မန်စီးတီးက ဒီပွဲမှာ အရန်ကစားသမားတွေနဲ့ အဓိက ကစားသမားတွေကို တွဲဖက် အသုံးပြုသွားပါတယ်။ စပါးအသင်းကတော့ အိမ်ကွင်းမှာ ဒုတိယတန်းကလပ် ၀ိုင်ကွမ်ဘီကို နောက်ကနေ လိုက်ကစားပြီးမှ  ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ၀ိုင်ကွမ်ဘီအသင်းက ပထမပိုင်းမှာတင် ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ နောက်ပိုင်းကျမှ အဓိက ကစားသမားတချို့ကို လူစားလဲပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ အနိုင်ဂိုးတွေကို ဆွန်ဟိုင်မင်း၊ ဂျန်ဆန်နဲ့ အလီတို့ကို သွင်းယူပြီး အက်ဖ်အေဖလား ပဥမအဆင့်ကို တက်ရောက်သွားပါတယ်။
4 years Ago
Up