အက်ဖ်အေဖလား ဘလက်ဘန်း ၁ - ၅ ၀က်စ်ဟမ်း

February 22, 2016

အက်ဖ်အေဖလား ဘလက်ဘန်း ၁ - ၅ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းက ချန်ပီယံရှစ်အတန်းက ဘလက်ဘန်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ဘလက်ဘန်းက မိနစ် ၂၀ မှာ သွင်းယူခဲ့ပါတယ်။ ၀က်စ်ဟမ်းအတွက် ချေပဂိုးကို ၂၆ မိနစ်မှာ မိုဆက်၊ ဒုတိယဂိုးကို ၃၆ မိနစ်မှာ ပေရက်က သွင်းယူပါတယ်။ ဘလက်ဘန်းက ဒုတိယပိုင်းစလို့ ၅၅ မိနစ်မှာ တယောက်အထုတ်ခံရပြီး ၁၀ ယောက်တည်းနဲ့  ယှဉ်ပြိုင်သွားရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘလက်ဘန်းအသင်းက ကစားအားကျသွားပြီး တဘက်တိုက်စစ်ကို မယှဉ်နိုင်ဘဲ ဂိုးတွေ တောက်လျှောက် ပေးခဲ့ရပါတယ်။ ၀က်စ်ဟမ်းအတွက် တတိယဂိုးကို ၆၄ မိနစ်မှာ သွင်းယူပါတယ်။ ၇၅ မိနစ်မှာ ကစားပုံကြမ်းလို့ ၀က်စ်ဟမ်းကစားသမားတဦး အထုတ်ခံရပြီး နှစ်သင်းစလုံး ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ၀က်စ်ဟမ်းအတွက်  စတုတ္ထဂိုးကို ၈၅ မိနစ်၊ အပိတ်ဂိုးကို ၉၂ မိနစ်မှာ သွင်းယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
6 years Ago
Up