ဇန်န၀ါရီ ၃၀ ရက်နေ့ညက အစောဆုံး ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးက ကိုချက်စတာ ယူနိုက်တက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဧည့်သည် စပါးအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ ချာဒီက သွင်းယူပါတယ်။ စပါးက အဝေးကွင်း ဖြစ်ပေမယ့်လည်း တဖက်သတ် ဘောလုံပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။
ပထမတန်းကလပ်ဖြစ်တဲ့ ကိုချက်စတာအသင်း ခံစစ် အားပြုကစားရင်း တန်ပြန်တိုက်စစ်တွေကို အသုံးပြု သွားပါတယ်။
စပါးအတွက် ဒုတိယဂိုးကို ဒီယာက ၆၄ မိနစ်မှာ သွင်းယူပါတယ်။ တတိယဂိုးကို ၇၈ မိနစ်မှာ ချာဒီက ထပ်မံ သွင်းယူပါတယ်။ ကိုချက်စတာအတွက် ချေပဂိုး ၁ ဂိုးကိုတော့ မိနစ် ၈၀ မှာ စပါးစ်နောက်ခံလူ ဒေးဗစ် ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။
စပါးစ်အတွက် အပိတ်ဂိုးကို ၈၂ မိနစ်မှာ ကာရိုးက သွင်းယူပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက် သွားပါတယ်။
7 years Ago