အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ ချန်ပီယံရှစ်တန်းက ရက်ဒင်းအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မန်ယူက ဒီပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးထားပြီး တိုက်စ်မှူး ရွန်နီကို ပွဲထွက် အသုံးပြု သွားပါတယ်။
ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာ တိုက်စစ်မှူး ရွန်နီက သွင်းယူပါတယ်။ ဒီဂိုးဟာ မန်ယူအတွက် ရွန်နီ သွင်းပေးတဲ့ ၂၄၉ ဂိုးမြောက် ဂိုးဖြစ်သလို တိုက်စစ်မှူးကြီး ဘော်ဘီ ချာလ်တန် မန်ယူအသင်းမှာ တင်ထားတဲ့ ၂၄၉ ဂိုး စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကို တိုက်စစ်မှူး မာရှယ်က သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ယူကပဲ ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး တတိယဂိုးနဲ့ အပိတ်ဂိုးကို တိုက်စစ်မှူး ရက်စ်ဖို့ဒ်က သွင်းယူပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။
6 years Ago