အက်ဖ်အေဖလား

April 8, 2019

ဝတ်ဖို့ဒ်က ဝုဗ်ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဝတ်ဖို့ဒ်က ဝုဗ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ဝုဗ်အတွက် အဖွင့်ဂိုးကို ၃၆ မိနစ်၊ ဒုတိယဂိုးကို ၆၂ မိနစ်မှာ သွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။ ဝတ်ဖို့ဒ်အသင်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး ပထမချေပဂိုးကို ဒယ်လိုဖူက ၇၉ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယချေပဂိုးကို ပွဲပြီးကာနီး ၉၄ မိနစ်မှာ ဒီနေးက ပယ်နယ်တီကနေ သွင်းယူပြီး သရေကျလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။ ဒီပွဲမှာ ဝုဗ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်တာတွေ ပိုလုပ်နိုင်ပေမယ့် ဝတ်ဖို့ဒ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ အချိန်ပို ၁၀၄ မိနစ်မှာ ဝတ်ဖို့ဒ်အတွက် အနိုင်ဂိုးကို ဒယ်လိုဖူကပဲ သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဝတ်ဖို့ဒ်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်ရောက်သွားတာဖြစ်ပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago

March 17, 2019

မန်စီးတီးက ဆွမ်ဆီးကို ၃-၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ဆွမ်ဆီးအတွက် ဂိုးတွေကို ပထမပိုင်းမှာတင် သွင်းယူတာပါ။ ဦးဆောင်ဂိုးကို မိနစ် ၂၀၊ ဒုတိယဂိုးကို ၂၉ မိနစ်မှာ အသီးသီး သွင်းယူပါတယ်။ မန်စီးတီးအတွက် ပထမချေပဂိုးကို ၆၉ မိနစ်မှာ ဘာနာဒို ဆေးဗား၊ ဒုတိယ ချေပဂိုးကို ၇၈ မိနစ်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ မန်စီးတီး တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးကို ၈၈ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ မန်စီးတီး ကစားသမား ဘာနာဒို ဆေးဗား ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
3 years Ago

အက်ဖ်အေဖလားကွာတားတွင် ၀ုဗ်က မန်ယူကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်အသင်းက မန်ချက်စတာ ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ၀ုဗ်အသင်းက ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာပြီး အနိုင်ဂိုးတွေ သွင်းယူခဲ့တာပါ။ ပထမဂိုးကို မိနစ် ၇၀ မှာ ဂျီမီနက်၊ ဒုတိယဂိုးကိ ၇၆ မိနစ်မှာ ဂျိုတာက သွင်းယူပါတယ်။ မန်ယူအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ရပ်ရှ်ဖို့က ပွဲချိန် မိနစ် ၉၀ မှာ သွင်းယူခဲ့တာပါ။ ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ပေမယ့် ၀ုဗ်အသင်း ထိုးဖောက် ကန်သွင်းခွင့်တွေတော့  ပိုရခဲ့ပါတယ်။ ၀ုဗ်တိုက်စစ်မှူး  ဂျီမီနက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။ ဒီပွဲနိုင်တဲ့ ၀ုဗ်အသင်းက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ၁၉၉၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်သွားပါတယ်။
3 years Ago
More News
Up