မန်ချက်စတာ စီးတီးအသင်းအနေနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲထက်စာရင် ချန်ပီယံလိဂ်ကို ပိုပြီး ဦးစားပေးထားတယ်လို့ နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။
မန်စီးတီးဟာ ဒီကနေ့မှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ မန်စီးတီးဟာ ယူကရိန်းကလပ် ဒိုင်နမိုက ကိရတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထအကျော့ပွဲစဉ် ကစားရမှာပါ။
ဒါကြောင့် နည်းပြ ပယ်လီဂရီနီက အမြဲတမ်းပဲ ကျနော်တို့ရဲ့ ဦးစားပေးက နောက်ပွဲစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာရ ကစားသမား များနေလို့ ခြွင်းချက်တော့ ရှိပါတယ်လို့ ပြောပါတယ်။
မန်စီးတီးဟာ လောလောဆယ်မှာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၄ ခုစလုံးမှာ ဖလားရနိုင်ဖို့ မျှော်လင့်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
စီးတီးဟာ လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လိဂ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago