အက်ဖ်အေဆီမီးတက်

March 12, 2017

လင်ကွန်းကို ၅ ဂိုးပြတ်အနိုင်ယူပြီး အာဆင်နယ် အက်ဖ်အေဆီမီးတက် (ရုပ်သံ)

စနေနေ့က ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အာဆင်နယ်က လိဂ်တန်းက မဟုတ်တဲ့ လင်ကွန်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်နဲ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့အတွက် အဝေဖန် ခံနေရတာပါ။ ဒီပွဲမှာ ဂိုးပြတ်နဲ့ နိုင်လိုက်လို့ အာဆင်နယ်အသင်း ယုံကြည်မှုတွေ ပြန်တက်လာပြီလို့ နည်းပြ ၀င်းဂါးက ပြောပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ၀ဲကော့၊ ဂျီရု၊ ဆန်းချက်နဲ့ ရမ်းဆေးတို့က အသီးသီး သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်သမား အိုဇေး ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး အက်ဖ်အေဖလား ချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up