အက်ဖ်အေ

January 14, 2019

မန်ယူနည်းပြအဖြစ် ဆောက်ဂိတ် လက်ခံမည်မဟုတ်ဟု အက်ဖ်အေ ယုံကြည်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက် နည်းပြလျာထားစာရင်းမှာ ပါဝင်နေပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ အက်ဖ်အေက ယုံကြည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ရလဒ်ကောင်းလာပေမယ့် အမြဲတမ်းနည်းပြတဦး ရှာဖွေနေတာဖြစ်ပါတယ်။ စပါးနည်းပြ ပိုချက်တီနိုအပြင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာလည်း နည်းပြ လျာထားစာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာကြောင့် စာချုပ်ကို ဖောက်ဖျက်မှာမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေတာ ဖြစ်ပါတယ်။ အင်္ဂလန် အက်ဖ်အေဟာ နည်းပြချုပ် ဆောက်ဂိတ်နဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်တို့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ဘက်ကတော့ အင်္ဂလန်အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်ပြီး ရယူသွားချင်တယ်လို့ စာချုပ် ချုပ်ဆိုခဲ့တဲ့အချိန်က ပြောကြားထားပါတယ်။
3 years Ago

October 9, 2018

နယူးကာဆယ်နှင့်ပွဲအပြီး ဆဲဆိုခဲ့သည့် မော်ရင်ဟိုကို အက်ဖ်အေက စစ်ဆေးမည်

နယူးကာဆယ်အသင်းနဲ့ပွဲအပြီးမှာ ဆဲဆိုမှု ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုကို အင်္ဂလန်အက်ဖ်အေက စုံစမ်းစစ်ဆေးသွားဖို့ ရှိနေပါတယ်။ မန်ယူအသင်းဟာ  နယူးကာဆယ်အသင်းနဲ့ပွဲမှာ ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ၃ ဂိုးပြန်သွင်းပြီး နိုင်ပွဲရခဲ့တာပါ။ နည်းပြမော်ရင်ဟိုဟာ ပွဲအပြီး အ၀တ်လဲခန်းသွားရာ ကွင်းဘေးတလျှောက်မှာ ဘီတီ စပေါ့ရုပ်သံကင်မရာကို ကြည့်ပြီး ပေါ်တူဂီဘာသာစကားနဲ့ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်သန်းထောင်ပြခဲ့တာလည်း ရှိခဲ့တာကြောင့် သူ့ရဲ့အပြုအမူတွေနဲ့ပတ်သက် ပြီး ဘာသာစကားကျွမ်းကျင်သူရဲ့ အကူအညီနဲ့ အက်ဖ်အေက စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီဟာလည်း ၂၀၁၁ ခုနှစ်က ၀က်စ်ဟမ်းအသင်းကို ဟက်ထရစ် ၃ ဂိုးသွင်းအပြီးမှာ ကင်မရာကို ကြည့်ပြီး ဆဲဆိုခဲ့လို့ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးပါတယ်။
3 years Ago
More News
Up