အက်ဖ်ဘီအိုင် ဖြန့်ချိ

January 28, 2018

ကလေးမလေးကို အမျိုးသားက ပြန်ပေးဆွဲသည့်ရုပ်သံ အက်ဖ်ဘီအိုင် ဖြန့်ချိ

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ အမျိုးသားတဦးက ကလေးမလေးတဦးကို နေ့ခင်းကြောင်တောင် ဖမ်းဆီးပြန်ပေးဆွဲပြီး ကားထဲ အတင်းထည့်လိုက်တဲ့ စောင့်ကြည့်ကင်မရာရုပ်သံတခု ထွက်ပေါ်လာတာကို မေရာသတင်းရဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားတဲ့ ဒီရုပ်သံကို  အဆောက်အအုံအပြင်ဘက်မှာ ရှိတဲ့ စောင့်ကြည့်ကင်မရာက ရိုက်ကူးထားတာဖြစ်ပြီး အက်ဖ်ဘီအိုင်က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်တာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ခဲ့ပြီး ရုပ်သံထဲမှာ အမျိုးသားက သူ့ရဲ့ အနီရောင် ဖို့ဒ်ကားထဲက ထွက်လာကာ ကားနားမှာ စောင့်နေတာ တွေ့ရသလို ကလေးမက လမ်းလျှောက်လာတာ တွေ့ရပါတယ်။ ကလေးမက အမျိုးသားကို ကျော်သွားချိန် အမျိုးသားက ကောင်မလေးကို ဆွဲဖမ်းပြီး ကားထဲ အတင်းထည့်ခဲ့တာပါ။ အဲဒီနောက် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီး ကားကို မောင်းထွက်သွားပါတယ်။ ရုပ်သံက စက္ကန့်ပိုင်းပဲ ကြာလိုက်ပေမယ့် ဒီလိုအဖြစ်အပျက်တွေက အချိန်ခဏလေးအတွင်း ဘယ်လိုဖြစ်ပျက်သွားလဲဆိုတာကို ပြနေပါတယ်။ “ချီကာဂို အက်ဖ်ဘီအိုင်က အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ ဘန်ဟမ်ရိပ်သာနဲ့ ၁၅၃ လမ်း အနီးအနားဝန်းကျင်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဖြစ်သွားတဲ့ ပြန်ပေးဆွဲမှု သတင်းတွေရဖို့ ကြိုးစားနေတယ်။ ကားနဲ့ ဒါမှမဟုတ် လူနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရှိရင် ချီကာဂို အက်ဖ်ဘီအိုင်ကို ဆက်သွယ်ပါ” လို့ အက်ဖ်ဘီအိုင်က ရုပ်သံမှာ မှတ်ချက်ရေးထားပါသေးတယ်။ ကလေးမက လွတ်မြောက်လာပြီး ဖြတ်သွားတဲ့ကားကို အော်ဟစ်ခေါ်ကာ အဲဒီနောက် ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ပရိုသို အသက် ၃၈ နှစ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ စီဘီအက်စ်ဂျီကာဂို သတင်းဌာနကတော့ နေ့ခင်းကြောင်တောင် ကလေးပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး အင်ဒီယားနားပြည်နယ်က ဘရိုင်ယန်ပရိုသို ဆိုသူကို တရားစွဲ ဖမ်းဆီးထားတယ်။ ပရိုသိုက ကားကို လမ်းဘေးမှာ ရပ်ထားပြီး ကလေးကို ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ပရိုသိုဟာ အပြစ်ထင်ရှားရင် ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် တသက်တကျွန်း ထောင်ဒဏ် ကျခံရမယ်လို့ သိရပါတယ်။
3 years Ago
Up