အက်ပဲလ် အိုင်ဖုန်း အရောင်းကျဆင်း

A d v e r t i s e m e n t With Us

April 28, 2016

အက်ပဲလ် အိုင်ဖုန်း အရောင်းကျဆင်း

အခု ဘဏ္ဍာရေး ၃ လပတ်မှာ အက်ပဲလ် အိုင်ဖုန်း (Apple iPhone) တွေ အရောင်းကျဆင်းခဲ့လို့ ကုမ္ပဏီဝင်ငွေလည်း ၁၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အက်ပဲလ် ကုမ္ပဏီက ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်မှာ ကုမ္ပဏီဝင်ငွေ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ရှိခဲ့တာကနေ အခုနှစ် ဒုတိယ ၃ လပတ်မှာတော့ ဘီလီယံ ၅၀ ကျော်ပဲ ၀င်ခဲ့တဲ့အတွက် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး စံချိန်တင် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်တုန်းက အိုင်ဖုန်းအလုံးရေ ၆၁ သန်းကျော် ရောင်းချခဲ့ရပြီး အခုနှစ် ဒုတိယ ၃ လပတ်မှာတော့ ၅၁ သန်းကျော်ပဲ ရောင်းချနိုင်ခဲ့တဲ့အတွက် ဖုန်းအလုံးရေ ၁၀ သန်းတိတိ အရောင်းကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အိုင်ဖုန်းအရောင်း ၂၆ ရာခိုင်နှုန်း  ကျဆင်းခဲ့တာက ၀င်ငွေကျဆင်းရခြင်းရဲ့ အဓိကအချက်ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာငွေ မာနေတာကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။ ဧပြီ ၂၆ ရက်နေ့ စတော့ဈေးတွေ ပိတ်ချိန်မှာ အက်ပဲလ်ရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ၁၂ လတာအတွင်း အက်ပဲလ်အစုရှယ်ယာတွေ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။ အက်ပဲလ်ရဲ့ စီအီးအို တင်မ်ကွတ်ခ် (Tim Cook) ကတော့ ကမ္ဘာ့စီးပွားရေး ခက်ခဲရုန်းကန်နေရချိန်မှာ အက်ပဲလ်ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က တက်ခဲ့ပါတယ်လို့ ပြောဆိုပါတယ်။
5 years Ago
Up