အက်ပဲလ်

January 4, 2019

တရုတ်တွင် အိုင်ဖုန်းရောင်းအား နည်းမှုကြောင့် အမြတ်ငွေ လျှော့ချခန့်မှန်း

တရုတ်နိုင်ငံမှာ အိုင်ဖုန်းရောင်းအား နည်းတာကြောင့် နောက်ဆုံး ၃ လပတ် အမြတ်ငွေကို အက်ပဲလ် ကော်ပိုရေးရှင်းက ဇန်နဝါရီ ၂ ရက်နေ့မှာ လျှော့ချ ခန့်မှန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ ပထမ ၃ လပတ်အတွက် အမြတ်ငွေကို ကုမ္ပဏီက  ဒေါ်လာ ၈၄ ဘီလျံ ခန့်မှန်းပြီး ဒါဟာ သုံးသပ်သူတွေ ခန့်မှန်းတဲ့ ဒေါ်လာ ၉၁ ဒသမ ၅ ဘီလျံအောက် လျော့နည်းခဲ့ပါတယ်။ မူလက အက်ပဲလ်ကုမ္ပဏီဟာ အမြတ်ငွေ ဒေါ်လာဘီလျံ ၈၉ နဲ့ ၉၃ ကြား ခန့်မှန်းထားတာပါ။ အိုင်ဖုန်း စတင်မိတ်ဆက်တဲ့ ၂၀၀၇ ခုနှစ်ကစလို့ ဒါဟာ အမြတ်ငွေထိန်းကျောင်းမှုနဲ့ ပတ်သက်လို့ အက်ပဲလ်ကုမ္ပဏီက ပထမဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။ ကြေညာချက်မတိုင်မီ ရပ်တန့်ခဲ့တဲ့ အက်ပဲလ်ရှယ်ယာတွေဟာ ဈေးကွက်ပိတ်သိမ်းချိန်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ဘီလျံ ၇၀၀ အောက် ဆွဲချခဲ့ပါတယ်။
3 years Ago

June 13, 2017

အက်ပဲလ်မှမိတ်ဆက်လိုက်သည့် နည်းပညာမြင့် ဟုမ်းပေါ့ဒ်စပီကာနှင့် iOS 11 (ရုပ်သံ)

အက်ပဲလ်ကုမ္ပဏီဟာ ဇွန်လ ၅ ရက်နေ့က ဟုမ်းပေါ့ဒ် (HomePod) စပီကာကို မိတ်ဆက်လိုက်ပါတယ်။ ဈေးဝယ်တာ၊ အစီအစဉ်ဆွဲတာနဲ့ တခြားတာဝန်တွေ ဆောင်ရွက်ရာမှာ အသံနဲ့ စေခိုင်းနိုင်တဲ့ အသုံးပြုသူတွေ အကြိုက်တွေ့စေမယ့် အမေဇုန်ဒေါ့ကွန်းမှာတင်တဲ့ လက်စွဲအလက်ဇာ (Alexa assistant) နဲ့ အက်ကိုး (Echo) ကိရိယာတွေကို ယှဉ်ပြိုင်ဖို့ အားထုတ်တဲ့သဘောပါ။ အက်ပဲလ်ကုမ္ပဏီထုတ် အသံနဲ့ထိန်းချုပ်နိုင်တဲ့ လက်စွဲ ဆီရိ (Siri) ကိရိယာဟာ ၃၄၉ ဒေါ်လာတန် စပီကာနဲ့ချိတ်ဆက်ပြီး ဂီတသံစဉ်တွေ ဖန်တီးနိုင်သလို အက်ပဲလ်မြူးဇစ်ဆားဗစ်နဲ့တွဲပြီး မက်ဆေ့ခ်ျပို့တာ၊ သတင်းသစ်တွေကြည့်တာ၊ အားကစားရမှတ်တွေ ကြည့်တာတွေ လုပ်နိုင်တဲ့အပြင် အိမ်တွင်းလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးလုံးတွေ သာမိုစတက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ အက်ပဲလ်က ဒီဇင်ဘာကျရင် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျကို ဟုမ်းပေါ့ဒ် စပို့တော့မှာပါ။ ကယ်လီဖိုးနီးယားအခြေစိုက် ကျူပါတီနို (Cupertino) ကုမ္ပဏီကတော့ အယ်လ်ဖာဘက် (Alphabet) ကော်ပိုရေးရှင်းထုတ် လက်စွဲဂူးဂဲလ်နဲ့ ယှဉ်ပြိုင်မယ့် ဒီ ဆီရိ ကိရိယာဟာ မက်ဘွတ်မှာ စေခိုင်းနိုင်တဲ့ အလုပ်မှန်သမျှ အိုင်ဖုန်းမှာ စေခိုင်းနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ သီးသန့်ရပ်တည်မှုအားကောင်းတဲ့ အက်ပဲလ်အနေနဲ့ တခြားကုမ္ပဏီထုတ် ကိရိယာတွေနဲ့ တွဲဖက်အလုပ်လုပ်တာဟာ ဒါ ပထမဆုံးအကြိမ်ပါ။ အက်ပဲလ်က မိတ်ဆက်ပေးလိုက်တဲ့ ဆော့ဖ်ဝဲသစ် iOS 11 ဟာ အိုင်ဖုန်းနဲ့ အိုင်ပက်ကို မောင်းနှင်နိုင်သလို တခြားကုမ္ပဏီတွေရဲ့ ပစ္စည်းသစ်တွေနဲ့ တွဲဖက်အသုံးပြုနိုင်တာမို့ ဒီကိရိယာတွေအတွက် ကွန်ပျူတာအားဖြည့် ရုပ်မြင်စနစ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ PayPal Holdings ကုမ္ပဏီကပေးတဲ့ ဝန်ဆောင်မှုတွေကို အဓိကရည်ရွယ်ပြီး အက်ပဲလ်က အက်ပဲလ်ပေး (Apple Pay) ကတဆင့် အချင်းချင်းငွေလွှဲနိုင်ဖို့ စမ်းသပ်လုပ်ဆောင်နေပါပြီ။ အသုံးပြုသူတွေအဖို့ အိုင်ဖုန်းပေါ်က မက်ဆေ့ခ်ျ အပ်ပ် (app) ကတဆင့် ငွေလွှဲနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီငွေကို လက်လီဆိုင်တွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဆိုင်တွေအဖို့ အက်ပဲလ်ပေးငွေကို ယူလိုကယူ ဒါမှမဟုတ် ဘဏ်စာရင်းထဲကို လွှဲရင်လည်း လွှဲယူနိုင်ပါတယ်။
5 years Ago
Up