အရွေးကောက်ခံ အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က အက်ဇွန် မိုဘီလ် (Exxon Mobil) ရေနံကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် ရွေးချယ်ထားပါတယ်။
အသက် ၆၄ နှစ်အရွယ် စီအီးအို တီလ်လာဆင် (Tillerson) ဟာ စီးပွားရေးလုပ်ငန်းကြီးတွေကို ဦးဆောင်သူ၊ နိုင်ငံတကာ စီးပွားရေးအဆုံးအဖြတ်တွေ ချမှတ်သူ ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်တွေထဲက တဦးဖြစ်တယ်လို့ ပြောပါတယ်။
စီအီးအို တီလ်လာဆင်ဟာ ရုရှားသမ္မတနဲ့ အလွန်ရင်းနှီးသူတဦးဖြစ်လို့ ဒီမိုကရက်တစ်ပါတီဝင်တွေကော၊ ရီပတ်ဘလီကန်ပါတီဝင်တွေရော စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ်။
ဒေါ်နယ်လ်ထရမ့်က လျာထားပေမယ့်လည်း အမေရိကန်အထက်လွှတ်တော်ရဲ့ အတည်ပြုမှုကို ရယူရဦးမှာ ဖြစ်ပါတယ်။
အခုလို အဆိုမပြုခင် ဒေါနယ်လ်ထရမ့် ရွေးကောက်ပွဲနိုင်အောင် ရုရှားက ၀င်ပြီးကစားခဲ့တာ ယုံကြည်တယ်ဆိုပြီးတော့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) က ပြောဆိုမှုတွေလည်း ပြီးခဲ့တဲ့ရက်တွေက ထွက်ပေါ်ခဲ့ပါတယ်။
လာမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်လက်ထက်မှာ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေထဲ တရုတ်နိုင်ငံနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အငြင်းပွားမှုတွေကစလို့ အီရန်နဲ့ နျူကလီးယား သဘောတူညီမှုကိစ္စတွေ ထိပ်တန်းက ပါဝင်နိုင်ပါတယ်။
6 years Ago