ဗြိတိန်နိုင်ငံ လန်ဒန်အနောက်မြောက်ပိုင်း ဝေလနယ်ထဲက ကုန်စုံဆိုင်ထဲမှာ ၃ နှစ်သား ကလေးကို အက်ဆစ်နဲ့ တိုက်ခိုက်မှု သံသယနဲ့ အမျိုးသား ၃ ယောက်ကို ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ဒီအမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားကို ဝူလ်ဗာဟမ့်တွန် ဒေသမှာ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပြီး ရဲအချုပ်နဲ့ ထိန်းသိမ်းထားပါတယ်။
စနေနေ့က ဝေါဆက်စ်တာမြို့အတွင်း Home Bargains ကုန်စုံဆိုင်ထဲမှာ တမင်သက်သက် တိုက်ခိုက်ခံရလို့ ၃ နှစ်သားအရွယ် ကလေးငယ်ဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ဝက်စ်မာစီယာ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမှုမှာ ပူးပေါင်းကြံစည် လုပ်ဆောင်မှု သံသယနဲ့ အသက် ၂၂ နှစ်၊ ၂၅ နှစ်နဲ့ ၂၆ နှစ် အသီးသီးရှိတဲ့ အမျိုးသား ၃ ယောက်ကို လန်ဒန်မြို့မှာ ဖမ်းဆီးခဲ့တာပါ။
ကလေးကတော့ လက်မောင်းနဲ့ မျက်နှာမှာ ဆိုးဆိုးရွားရွား လောင်ကျွမ်းခံရလို့ ဆေးကုသ ခံယူပြီး ဆေးရုံကနေ ဆင်းသွားပါပြီ။
ကလေးရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ရေရှည်ရိုက်ခတ်မှု ဘယ်လိုရှိမယ်ဆိုတာ မသိရသေးဘူးလို့ ရဲက ပြောပါတယ်။
5 years Ago