အိန္ဒိယနိုင်ငံတောင်ပိုင်းက ကြေးနီ အရည်ကျိုစက်ရုံကနေ အက်ဆစ်တွေ ဆိုးဆိုးရွားရွား ယိုစိမ့်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကြေးနီ အရည်ကျိုစက်ရုံက ကန်တကန်ထဲကနေ ဆာလ်ဖျူရစ်အက်စစ်တွေ ဆိုးဆိုးရွားရွား ယိုစိမ့်ခဲ့တယ်၊ ပြင်းထန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကို ဦးတည်စေနိုင်တယ်" လို့ ဗေဒန်တာ လီမိတက်က ဇွန် ၂၀ မှာ ပြောလိုက်ပါတယ်။
"အက်ဆစ်ယိုစိမ့်မှု ရပ်တန့်ရေး လုပ်ငန်းစဉ်ကို မနေ့ မွန်းလွဲပိုင်းတည်းက စခဲ့ပါပြီ။ ဒီဖြစ်ရပ်ကို စစ်ဆေးပြီး ခရိုင်ထဲက နည်းပညာရှင် အရာရှိတွေ၊ မီးသတ်အရာရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရိုင်အရာရှိ၊ တမီးလ်နာဒူပြည်နယ် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ စက်ရုံစစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့ အားလုံးပေါင်းပြီး အထူးအဖွဲ့ကို ဖွဲ့ပြီးပြီ" လို့ ခရိုင်မှူး စန်ဒိသ် နန်ဒူရီက ပြောပါတယ်။
အက်စစ်တွေကို စုပ်ထုတ်ဖို့ မီးပြန်မရသေးဘူး ဒီဇယ်မီးစက်တွေကို သုံးပြီး မနေ့ညတည်းက စုပ်ထုတ်နေတယ်။
"သိုလှောင်ကန် ၅ လုံး ၆ လုံးကို ရှင်းထုတ်ပြီးပြီ။ နောက်ထပ် သိုလှောင်ကန် ၁၁ လုံး ကျန်သေးတယ်။ လာမယ့် ၂ ရက်အတွင်း ဆက်ပြီး ရှင်းထုတ်မယ်" လို့လည်း သူက ပြောပါတယ်။
ပင်လယ်ကမ်းခြေက သူးသူခုဒိမြို့အတွင်း စက်ရုံက ယိုစိမ့်မှုဟာ အသေးစားဖြစ်ပြီး ဘေးကင်းရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အက်ဆစ်လှောင်ကန်ကို ဗလာကျင်းအောင် လုပ်နေတယ်လို့ ခရိုင် စီမံရေးရုံးက ဇွန် ၁၇ ရက်တုန်းက ပြောခဲ့ဖူးတာပါ။
အရင်လက ပတ်ဝန်းကျင် ညစ်ညမ်းမှု စွပ်စွဲချက်တွေကြောင့် ဆန္ဒပြရာက အကြမ်းဖက် လာခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို ပစ်ခတ်အပြီး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေနောက်ပိုင်းမှာ စက်ရုံကို အပြီးပိတ်ပစ်ဖို့နဲ့ စက်ရုံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဖြတ်တောက်ဖို့ တမီးလ်နာဒူပြည်နယ် အစိုးရက အရင်လကပဲ အမိန့်ထုတ်ခဲ့ပါတယ်။
လေထုနဲ့ ရေထုညစ်ညမ်းမှုတွေကြောင့်လို့ ပြောရင်း စက်ရုံကို အပြီးသတ်ပိတ်ပစ်ဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။
ဒီအရည်ကျိုစက်ရုံဟာ ဒေသတွင်း ငါးလုပ်ငန်းကို ဘေးဖြစ်စေတယ်လို့လည်း သူတို့က ရှုမြင်ပါတယ်။ ဒါပေမယ့် စက်ရုံကတော့ နားလည်မှုအမှားတွေကို အခြေခံပြီး ဆန္ဒပြပွဲတွေ ဖြစ်နေတာလို့ ပြောနေပါတယ်။
3 years Ago