အက်စ်ပန်ညိုကို အနိုင်ယူပြီး ရီးရဲလ်အသင်း ၁၆ ပွဲဆက် အနိုင်ရ

A d v e r t i s e m e n t With Us

September 19, 2016

အက်စ်ပန်ညိုကို အနိုင်ယူပြီး ရီးရဲလ်အသင်း ၁၆ ပွဲဆက် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၁၈ ရက်ညက စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အက်စ်ပန်ညိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ဂျိမ်းစ် ရော်ဒရီဂွက်ဇ်နဲ့ ဘန်ဇီမာတို့က သွင်းယူပါတယ်။ ရီးရဲလ်ဟာ ၁၆ ပွဲဆက်တိုက် နိုင်ပွဲရတာဖြစ်ပြီး ဘာစီလိုနာအသင်း ၂၀၁၀-၂၀၁၁ တုန်းက တင်ထားတဲ့ ၁၆ ပွဲဆက်တိုက် အနိုင်ရတဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲမှာ အားထားရတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂါရတ် ဘေးလ်တို့ မပါဘဲ ယှဉ်ပြိုင်သွားတာပါ။ အဝေးကွင်းပွဲစဉ်မှာ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်တော့ အပြန်အလှန် ရခဲ့ပါတယ်။ နိုင်ပွဲဆက်တဲ့ ရီးရဲလ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ပြိုင်ဘက် ဘာစီလိုနာကို ၃ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။
4 years Ago
Up