အက်စတွန်ဗီလာ

March 28, 2019

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော် ကစားသမားဘဝမှ အနားယူ

အင်္ဂလန်နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်ဟာ အသက် ၃၂ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ အဘွန်လဟော်ဟာ ပြီးခဲ့တဲ့နှစ်က ဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး တခြား ဘယ်အသင်းမှာမှ ကစားတာလည်း မရှိပါဘူး။ တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့စာချုပ်တွေ မချုပ်ဆိုတော့ဘဲ လူမူကွန်ရက် စာမျက်နှာကနေလည်း ကြေညာခြင်း မပြုခဲ့ပေမယ့် ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ရေဒီယိုတခုနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ အဘွန်လဟော်ဟာ ကစားသမားဘဝကို ဗီလာအသင်းမှာပဲ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၁၃ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၁၁ ရာသီနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ ၂ ရာသီ ကစားခဲ့ပြီး စုစုပေါင်း ၄၀၁ ပွဲမှာ ၈၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖူးပြီး ၃ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။
3 years Ago

October 8, 2018

အွန်နရီကို အက်စတွန်ဗီလာက နည်းပြချုပ်အဖြစ် ခန့်အပ်ရန် ပြင်ဆင်

အာဆင်နယ်ကစားသမားဟောင်း အွန်နရီကို အက်စတွန်ဗီလာအသင်းက နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့  ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အွန်နရီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်း လက် ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ကလပ်အသင်းနည်းပြအဖြစ် တာဝန်ယူဖို့ စိတ်အားထက်သန် နေတယ်လို့ ဆိုပါတယ်။ အွန်နရီအနေနဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူမယ်ဆိုရင် ချဲလ်ဆီးအသင်း ခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူမယ်လို့လည်း သိရပါတယ်။ တယ်ရီဟာ ပြီးခဲ့တဲ့ရာသီက ဗီလာအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး အခုနှစ်ရာသီမှာ ကစာသမားဘ၀ကနေ အနားယူခဲ့တာပါ။ ဗီလာအသင်းဟာ ရလဒ်ဆိုးရွားခဲ့တဲ့ အင်္ဂလန်နည်းပြ စတိဘရုကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်တဦး ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဗီလာ အသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၁၂ ပွဲအပြီးမှာ အဆင့် ၁၅ အထိ ရောက်ရှိနေပါတယ်။
3 years Ago
More News
Up