အက်စတိုရီ

March 7, 2018

သေဆုံးခဲ့သည့် အက်စတိုရီ၏ ကျောနံပါတ် ၁၃ ကို ဖီအိုနှင့် ကက်ဂလီယာရီ အနားပေး

ဖီအိုရင်တီးနားနဲ့ ကက်ဂလီယာရီ အသင်းတို့ဟာ ပွဲမကစားခင်မှာ သေဆုံးသွားတဲ့ နောက်ခံလူ ဒေးဗစ်အက်စ်တိုရီရဲ့ ကျောနံပါတ် ၁၃ ကို အနားပေးလိုက်တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိ အီတလီလက်ရွေးစင် နောက်ခံလူဟောင်း အက်စတိုရီဟာ မတ်လ ၄ ရက်က အူဒီးနိစ်နဲ့ပွဲမတိုင်ခင် ဟိုတယ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်မှာ သေဆုံးသွားခဲ့တာကြောင့် အီတလီပွဲစဉ်အားလုံးကိုလည်း ပွဲရွှေ့ခဲ့ပါတယ်။ အက်စ်တိုရီဟာ ဖီအိုရင်တီးနားကို မပြောင်းရွှေ့ခင်မှာ ကက်ဂလီယာရီ အသင်းမှာလည်း ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၈ နှစ်ကြာ ကစားခဲ့တာကြောင့် သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၃ ကို တသက်တာ အနားပေးလိုက်တာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ အက်စတိုရီ သေဆုံးသွားပေမယ့် သူ့ရဲ့မိသားစုကို ကူညီထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
4 years Ago

March 5, 2018

ဖီအိုရင်​တီးနား အသင်း​ခေါင်း​ဆောင်​ ရုတ်​တရက်​ကွယ်​လွန်

အီတလီလက်​​ရွေးစင် ဖီအိုရင်းတီးနား အသင်း​ခေါင်း​ဆောင်​ ​ဒေးဗစ်​အက်​စတိုရီဟာ ရုတ်​တရက်​ဖျားနာမှု​ကြောင့် အသက်​​သေဆုံးသွားခဲ့ပါတယ်​။ အသက် ၃၁ နှစ်​အရွယ်​ရှိ အက်​စတိုရီဟာ အူဒီးနီးစ်အသင်းနဲ့ စီးရီး​အေပွဲမကစားမီ အူဒီးနီးစ်​မြို့က ဟို​တယ်​မှာ အနားယူအိပ်​​ပျော်​​နေစဉ်​ ပြန်​လည်​နိုးထလာခြင်းမရှိဘဲ ​သေဆုံးသွားခဲ့တာဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ ဇန်​နဝါရီလကမှ ၃၁ နှစ်​ပြည့်​ခဲ့ပြီး ဖခင်ြ​ဖစ်​တာ နှစ်ပတ်​သာရှိ​သေးတဲ့ အက်​စတိုရီဟာ အသင်းရဲ့ အားထားရတဲ့ ​ဗဟိုခံစစ်​မှူးလည်း ဖြစ်​ပါတယ်​။ အက်​စတိုရီရဲ့​သေဆုံးမှုကို ဖီအိုရင်​တီးနားအသင်းက သတင်းထုတ်​ပြန်​ခဲ့ပြီး​ အခုတပတ်​ တနင်္ဂ​နွေ​နေ့မှာ ယှဉ်​ပြိုင်​ကစားရမယ့် စီးရီး​အေပွဲစဉ်​​တွေ အကုန်​လုံးကို ရွှေ့ဆိုင်းခဲ့ပါတယ်​။ ဒါဟာ ​သေဆုံးသွားတဲ့ အက်​စတိုရီအတွက်​ ဝမ်းနည်းခြင်းအထိမ်းအမှတ်​အဖြစ်​ ပြုလုပ်​ခဲ့တာဖြစ်​တယ်​လို့ အီတလီ​ဘောလုံးအဖွဲ့ချုပ်​က ထုတ်​ပြန်​ပါတယ်​။
4 years Ago
Up