တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ စပါးအသင်းအတွက် အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်လို့ ကစားသမားဟောင်း ဂျာမိန်းဂျီးနက်စ်က ပြောကြား လိုက်ပါတယ်။
ဆွန်ဟောင်မင်ဟာ ဆောက်သမ်တန်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စပါးအတွက် နောက်ကျ အနိုင်ဂိုးကို ပင်နယ်တီကနေ တဆင့်သွင်းယူပေးခဲ့ပြီးတော့ နောက်တဆင့်ရောက် အောင်စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။
စပါးဟာ မနေ့ညကပွဲစဉ်မှာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ရုန်းကန်ခဲ့ရပြီး ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နည်းပြမော်ရင်ဟိုကတော့ လတ်တလောအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ တပွဲထက်တပွဲ ပိုကောင်းလာတဲ့ လူစုဖွဲ့မှုကိုလည်း ကျေနပ်နေတယ်လို့ သိရပါတယ်။
1 year Ago