အကောင်းဆုံးအသင်း

September 9, 2020

PFA အကောင်းဆုံးအသင်းတွင် လီဗာပူး ကစားသမား ၅ ဦးအထိ ပါဝင်

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံး PFA ကနေ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးအသင်းမှာ ချန်ပီယံ လီဗာပူးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်လာခဲ့ပါတယ်။ PFAရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ကစားသမားတွေတော့ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။  ဂိုးသမားနေရာမှာ ဘန်လေက နစ်ပုပ်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း ၄ ဦး နေရာမှာ လီဗာပူး နောက်ခံလူတွေဖြစ်တဲ့ အာနိုးလ်၊ ဗန်ဒိုက်နဲ့ ရော်ဘက်ဆန်၊ လက်စတာက ဆိုယန်ကူတို့ ပါဝင်ခဲ့ပါတယ်။  ကွင်းလယ်မှာ မန်စီးတီးက ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်း၊ လစ်ဗာပူးက ဟန်ဒါဆန်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ တိုက်စစ် ၃ ယောက်တန်းမှာ လက်စတာက ဂျေမီဗာဒီ၊ အာဆင်နယ်က အူဘာမီယန်းနဲ့ လစ်ဗာပူးက မာနေးတို့ ပါဝင်ခဲ့ပါတယ်။ အသင်းလိုက်အနေနဲ့ လီဗာပူးက ၅ ဦး၊ မန်စီးတီးနဲ့ လက်စတာအသင်းတွေက ၂ ဦးစီ၊ ဘန်လေနဲ့ အာဆင်နယ်အသင်းတွေက ၁ ဦးစီ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
7 months Ago

January 20, 2020

လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ရန် လိုသေးကြောင်း ဆိုးလ်ရှားပြော

လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ လိုအပ်နေသေးကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ လီဗာပူးအသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းခဲ့ပါတယ်။ လီဗာပူးအနေနဲ့ လက်ရှိအချိန်မှာ ပုံစံကောင်းရနေပေမယ့်လည်း ပွဲတွေ အများကြီး ကျန်ရှိနေသေးပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ စောနေသေးကြောင်း ဆိုးလ်ရှားက သုံးသပ်ခဲ့တာပါ။ အမှန်တကယ် အကောင်းဆုံးအသင်းဟာ သူတို့ရဲ့ခြေစွမ်းကို ထပ်ကာထပ်ကာ သက်သေပြသနိုင်စွမ်းရှိပြီး နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းကသာ အကောင်ဆုံးအသင်း ဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။  ဒါပေမဲ့ နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းမှာ တကယ့်ကို ခမ်းနားတဲ့အရာတွေ လုပ်ဆောင်နေတာကိုတော့ လက်ခံသဘောတူကြောင်း ဆိုးလ်ရှားက ပြောသွားခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up