အကောင်းဆုံးလူစာရင်

July 24, 2020

ဝက်ဖို့ဒ်နှင့်နောက်ဆုံးပွဲကို အကောင်းဆုံးလူစာရင်းဖြင့်ကစားမည်ဟု အာဆင်နယ်နည်းပြပြော

တန်းဆင်းဇုန်က အသင်းတွေအတွက် ဝက်ဖို့ဒ်နဲ့ပွဲကို အကောင်းဆုံးကစားပြဖို့ တာဝန်ရှိ တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ တန်းဆင်းဇုန်ထဲရောက်နေတဲ့ အဆင့် ၁၈ က ဝက်ဖို့ဒ်နဲ့ယှဉ်ပြိုင်ရမှာပါ။  လက်ကျန် ၁ ပွဲ အလိုမှာ နောဝှစ်ချ်က တန်းဆင်းသွားခဲ့ပေမဲ့ ဘုန်းမောက်၊ဝက်ဖို့ဒ်နဲ့ အက်စတွန်ဗီလာတို့က အပြိုင်ဖြစ်နေတာပါ။  အဆင့် ၁၇ က အက်စတွန်ဗီလာနဲ့အဆင့် ၁၈က ဝက်ဖို့ဒ်တို့ဟာ ရမှတ်တူနေပြီး အဆင့်၁၉ က ဘုန်းမောက်က ၃မှတ်အကွာနဲ့ ဖိအားပေးနေတာပါ။  တန်းမဆင်းရဖို့  နောက်ဆုံးပွဲစဉ်တွေဟာ အဲဒီအသင်း ၃ သင်းအတွက် အရေးပါနေတာ ဖြစ်ပါတယ်။  အာဆင်နယ်နည်းပြ အာတီတာကတော့ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ပြီး ရလဒ်ကောင်းရအောင်ကစားဖို့ တာဝန်ရှိပြီး စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်ဘူး ဆိုရင်တော့ ပြဿနာတစ်ခု ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ဗီလာက ဝက်စ်ဟမ်း၊ဘုန်းမောက်က အဲဗာတန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ 
1 year Ago
Up