အကောင်းဆုံးဘောလုံးသမားဆု

October 2, 2020

ဥရောပအကောင်းဆုံးဘောလုံးသမားဆု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရရှိ

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီး ရရှိသွားပါတယ်။  အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်မဲခွဲပွဲ မတိုင်ခင်မှာ ဥရောပ အကောင်းဆုံး ဆုတွေကို ချီးမြှင့်ခဲ့တာပါ။  ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ အသင်းဖော်ဂိုးသမား နူအာ၊ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။  “ဂုဏ်ယူမိပြီး ငယ်စဉ်က မက်ခဲ့တဲ့အိပ်မက် အမှတ်တကယ်ဖြစ်လာခဲ့တယ်” လို့ လီဝန်ဒေါ့စကီးက ပြောပါတယ်။  ဘိုင်ယန်မြူးနစ်နဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးရာမှာ လီဝန်ဒေါစကီးက ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။  အကောင်းဆုံးနည်းပြဆုကိုလည်း ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ရရှိခဲ့ပါတယ်။  ဥရောပအကောင်းဆုံး အမျိုးသမီးကစားသမားဆုကိုတော့ မနှစ်က ဝုဖ်ဘက်မှာ ကစားခဲ့ပြီး လက်ရှိ ချဲလ်ဆီးကစားသမား ပါနိုင်းဟာဒါက ရရှိခဲ့ပါတယ်။  နေရာအလိုက်အကောင်းဆုံး ကစားသမားဆုတွေချီးမြင့်ခဲ့ရာမှာ အကောင်းဆုံးဂိုးသမားဆု ကို နူအာ၊ နောက်တန်းဆုကို ကင်မစ်ချ်၊ အလယ်တန်းဆုကို ဒီဘရိုင်းနဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားဆုကို လီဝန်ဒေါ့စကီးတို့ ရရှိခဲ့ပါတယ်။ 
1 year Ago

September 24, 2019

ဖီဖာ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆု မက်ဆီ ရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ တနှစ်တာအတွက် အကောင်းဆုံး ဘောလုံးသမားဆုကို တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ရရှိသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအတွက်တော့ ဖီဖာက ပေးအပ်တဲ့ အကောင်းဆုံးဆုကို  ၆ ကြိမ်မြောက် ရယူနိုင်တာဖြစ်ပြီး Best Men Player နာမည်နဲ့ဆုကို ပထမဆုံးအကြိမ် ရရှိတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကို လာလီဂါ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။  မက်ဆီဟာ ဒီနှစ်မှာ အကောင်းဆုံးဆုကို ၄၆ မှတ်နဲ့ရတာ ဖြစ်ပြီး လီဗာပူး နောက်တန်းသမား ဗန်ဒိုက်က ၃၈ မှတ်နဲ့ ဒုတိယ၊ ရော်နယ်ဒိုက ၃၆ မှတ်နဲ့ တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုကိုတော့ လီဗာပူး နည်းပြ ဂျာဂန်ကလော့၊ အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကို အမေရိကန်က မက်ဂန် ရာပီနိုက ရရှိသွားပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖီဖာ တႏွစ္တာ အေကာင္းဆုံးေဘာလုံးသမားဆု မက္ဆီ ရရွိ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာရဲ႕ တႏွစ္တာအတြက္ အေကာင္းဆုံး ေဘာလုံးသမားဆုကို တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ရရွိသြားပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ အာဂ်င္တီးနားနဲ႔ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီအတြက္ေတာ့ ဖီဖာက ေပးအပ္တဲ့ အေကာင္းဆုံးဆုကို  ၆ ႀကိမ္ေျမာက္ ရယူႏိုင္တာျဖစ္ၿပီး Best Men Player နာမည္နဲ႔ဆုကို ပထမဆုံးအႀကိမ္ ရရွိတာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာကို လာလီဂါ ခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ ဒီႏွစ္မွာ အေကာင္းဆုံးဆုကို ၄၆ မွတ္နဲ႔ရတာ ျဖစ္ၿပီး လီဗာပူး ေနာက္တန္းသမား ဗန္ဒိုက္က ၃၈ မွတ္နဲ႔ ဒုတိယ၊ ေရာ္နယ္ဒိုက ၃၆ မွတ္နဲ႔ တတိယေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အေကာင္းဆုံးနည္းျပဆုကိုေတာ့ လီဗာပူး နည္းျပ ဂ်ာဂန္ကေလာ့၊ အမ်ိဳးသမီးအေကာင္းဆုံး ေဘာလုံးသမားဆုကို အေမရိကန္က မက္ဂန္ ရာပီႏိုက ရရွိသြားပါတယ္။
2 years Ago
Up