အကောင်းဆုံးဖြစ်နိုင်မည့်နေရာ

October 17, 2020

ဂရစ်မန်းကို အကောင်းဆုံးဖြစ်နိုင်မည့်နေရာတွင် သုံးမည်ဟု ကိုးမန်းပြော

ဂရစ်မန်း ကစားချင်တဲ့နေရာထက် အကောင်းဆုံးဖြစ်မယ့်နေရာကိုပဲ ဆက်လက်ကစားစေမယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  ဂရစ်မန်းဟာ ဘာစီလိုနာမှာ တောင်ပံထွက်ကစား နေရတာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ ရပေမဲ့ ပြင်သစ်အသင်းမှာတော့ နောက်ချန်တိုက်စစ်နေရာမှာ ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။  ပြင်သစ်နည်းပြ ဒက်ချမ့်က  မိမိရဲ့အကောင်းဆုံးနေရာကို သိရှိကြောင်း ဂရစ်မန်းက ပြောခဲ့ တဲ့အပေါ်မှာ ဘာစီလိုနာနည်းပြ ကိုးမန်းက ပြန်လည်တုံ့ပြန်ခဲ့တာပါ။  ကစားသမားတိုင်းက သူတို့ရဲ့အမြင်အတိုင်း ပြောခွင့်ရှိပေမဲ့ နည်းပြက တာဝန်ယူ ကိုင်တွယ်ရတဲ့သူဖြစ်လို့ ကစားသမားတွေဘက်က အကောင်းဆုံးခြေစွမ်းပြသဖို့ တာဝန်ရှိတယ်လို့ ကိုးမန်းက ပြောပါတယ်။  ကစားတဲ့နေရာနဲ့ပတ်သက်ပြီး ဂရစ်မန်းနဲ့ ဆွေးနွေးခဲ့ကာ  သူပြောခဲ့တဲ့စကားနဲ့  ပတ်သက်ပြီး ဆွေးနွေးခဲ့တာ မဟုတ်ကြောင်းလည်း နည်းပြ ကိုးမန်းက ဖြေရှင်းသွားခဲ့ပါတယ်။  ဂရစ်မန်းအနေနဲ့ တောင်ပံမှာ ကစားနိုင်သလို နံပါတ် ၉ နဲ့ ၁၀ နေရာတွေမှာလည်း ကစား နိုင်ကြောင်း ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။ 
2 years Ago
Up