အကောင်းဆုံးနည်းပြ ၂ ဦး

A d v e r t i s e m e n t With Us

April 1, 2020

ဖာဂရီဂတ်ရွေးထုတ်လိုက်သည့် အကောင်းဆုံးနည်းပြ ၂ ဦး

အာစင်ဝင်းဂါးနဲ့ မော်ရင်ဟိုတို့ဟာ ကစားသမားဘဝတလျှောက် တွဲဖူးသမျှထဲမှာ အကောင်းဆုံး နည်းပြနှစ်ဦးဖြစ်တယ်လို့ ဆက်ဖာဘရီဂတ်စ်က ပြောဆိုလိုက်ပါတယ်။  လက်ရှိ မိုနာကိုအသင်းမှာ ကစားနေတဲ့ ကွင်းလယ်ကစားသမားဟာ အာဆင်နယ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး စတဲ့ထိပ်သီးအသင်းကြီးတွေမှာ ကစားခဲ့ဖူးပြီး ဒီအသင်းတိုင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဒါ့အပြင် ကစားသမားဟာ နိုင်ငံ့လက်ရွေးစင်အ သင်းနဲ့အတူလည်း ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။  ဖာဘရီဂတ်စ်ဟာ ဒီလိုအောင်မြင်မှုမျိုးတွေရရအောင် ကမ္ဘာ့အဆင့်နည်းပြများစွာနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး နည်းပြကောင်းများစွာနဲ့ တွေ့ဆုံခဲ့ဖူးပေမယ့် ကောင်းဆုံးနည်းပြနှစ်ဦးကတော့ အာစင်ဝင်းဂါးနဲ့မော်ရင်ဟိုတို့ဖြစ်တယ်လို့ပြောပါတယ်။  ဖာဘရီဂတ်စ်ရွေးချယ်လိုက်တဲ့ အကောင်းဆုံးနည်းပြစာရင်းမှာ ဘာစီလိုနာနည်းပြဟောင်း၊ လက်ရှိမန်စီ တီးနည်းပြ ဂွါဒီယိုလာနဲ့ စပိန်းအသင်းကို ကမ္ဘာနဲ့ဥရောပအောင်ပွဲတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ ဗင်းဆင့်ဒဲ လ် ဘော့စကေးတို့တော့ မပါဝင်ခဲ့ပါဘူး။  သူဟာ ဂွါဒီယိုလာရဲ့ ဘာစီလိုနာအသင်းနဲ့အတူ ဖလားခြောက်လုံးအထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ် ပေမယ့် ဂွါဒီယိုလာလက်အောင်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။   ဂွါဒီယိုလာနဲ့အဆင်ပြေဖို့ ရုန်းကန်ခဲ့ရပေမယ့် မော်ရင်ဟိုနဲ့တော့ အဆင်ပြေတယ်လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။ “ကျနော်သူ့ကိုနှစ်သက်ပါတယ်။ သူကြောင့် ကျနော် ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒါကိုအမြဲတမ်းအမှတ်ရနေမှာပါ။”  အာစင်ဝင်းဂါကတော့ သူ့အပေါ် သားသမီးတယောက်လိုအမြဲတမ်း ဆက်ဆံလေ့ရှိသူဖြစ်တယ်လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။  
11 months Ago
Up