စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို အဲဗာတန်နည်းပြ အန်စလော့တီနဲ့ တိုက်စစ်မှူး ကယ်ဗက်လီဝင်တို့ ရရှိသွားပါတယ်။
အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလက စပါး၊ ဝက်စ်ဘရွန်းနဲ့ ခရစ္စတယ်ပဲလေ့ အသင်းတွေကို ၃ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
တလတာ အကောင်းဆုံးနည်းပြဆုရရှိခဲ့လို့ ဂုဏ်ယူမိပြီး အသင်းသားအားလုံး အကောင်းဆုံး ပြင်ဆင်လေ့ကျင့်ခဲ့ကြလို့ ဖြစ်ကြောင်းနဲ့ ဆက်လက်ရယူနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ အန်စလော့တီက ပြောပါတယ်။
အသက် ၆၁ နှစ်ရှိ အီတလီနည်းပြ အန်စလော့တီဟာ မနှစ်က ဒီဇင်ဘာလကမှ အဲဗာတန်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အခုနှစ်အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တာပါ။
စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ အဖွင့် ၃ ပွဲမှာတင် ၅ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူးကယ်ဗက်လီဝင်က ရရှိခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ၄ ပွဲစလုံး အနိုင်ရထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
6 months Ago