အကောင်းဆုံးတိုက်စစ်မှူး

August 10, 2020

လီဝန်ဒေါ့စကီးက အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း သြဂုတ် ၁၅ နေ့ မြင်ရမည်ဟု မူလာပြော

မက်ဆီနဲ့ လီဝန်ဒေါ့စကီး ဘယ်သူက ပိုကောင်းသလဲဆိုတာ သြဂုတ် ၁၅ ရက်မှာ အဖြေပေါ်လိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမက်စ်မူလာက ပြောပါတယ်။  ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာမယ့် သြဂုတ် ၁၅ ရက်  မနက် ၁ နာရီခွဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။  လီဝန်ဒေါ့စကီးဟာ ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာလည်း နာပိုလီကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တာပါ။  လီဝန်ဒေါ့စကီးက ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၅၃ ဂိုးအထိ သွင်းယူထားတာကြောင့် အခုနှစ်ရာသီမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ အသင်းဖော် မူလာက ချီးကျူးထားတာပါ။  မက်ဆီနဲ့ လီဝန်ဒေါ့စကီး ဘယ်သူပိုကောင်းသလဲဆိုတာ သြဂုတ် ၁၅ ရက်မှာ မြင်တွေ့ရမှာဖြစ်ပြီး လီဝန်ဒေါ့စကီးက အဖြေပေးသွားလိမ့်မယ်လို့ သောမက်စ်ပူလာက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ပြည်တွင်း ဆုဖလား ၂ လုံးလည်း ရယူထားပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ပစ်မှတ်ထားနေပါတယ်။
1 year Ago

July 20, 2020

ကိုင်တွယ်ခဲ့သည့်အသင်းများတွင် ဟယ်ရီကိန်းက အကောင်းဆုံးတိုက်စစ်မှူးဟု မော်ရင်ဟို ချီးကျူး

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကိုင်တွယ်ခဲ့ဖူးသမျှ အသင်းတွေထဲမှာ အကောင်းဆုံးတိုက်စစ်မှူးတဦး ဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ချီးကျူးပါတယ်။  ဟယ်ရီကိန်းဟာ လက်စတာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး မော်ရင်ဟိုလက်ထက် ၁၈ ပွဲမှာ ၁၃ဂိုးသွင်းယူခဲ့ပြီးဖြစ်ပါတယ်။  နည်းပြ မော်ရင်ဟိုဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူ အစရှိတဲ့အသင်းတွေကိုလည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။  အဲဒီအသင်းတွေမှာရှိစဉ်က လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ ဟယ်ရီကိန်းက အကောင်းဆုံးတိုက်စစ်မှူးတဦး ဖြစ်တယ်လို့ မော်ရင်ဟို ပြောပါတယ်။  ဒါပေမဲ့ တဦးနဲ့တဦး နှိုင်းယှဉ်ဖို့တော့ခက်ခဲပြီး ဟယ်ရီကိန်းက ကွဲပြားတဲ့ အရည်အချင်းတွေရှိတဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ မော်ရင်ဟိုက ချီးကျူးပါတယ်။  စပါးအသင်းမှာ ဟယ်ရီကိန်းလို တိုက်စစ်မှူးတဦးရှိနေတာဟာ ကံကောင်းမှုဖြစ်တယ်လို့ လည်း မော်ရင်ဟိုက ပြောပါတယ်။
1 year Ago
Up