အကောင်းဆုံးဆု

September 18, 2020

ချန်ပီယံလိဂ် အကောင်းဆုံးဆု ဆန်ကာတင်စာရင်းတွင် မက်ဆီနှင့် ရော်နယ်ဒို မပါ

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက်အကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ပထမဆုံးအကြိမ် ပါဝင်လာခြင်းမရှိခဲ့ပါဘူး။  ဆန်ကာတင်စာရင်းမှာ ချန်ပီယံဘိုင်ယန် မြူးနစ်ကစားသမား ၇ ဦးအထိ အများဆုံးပါဝင်ခဲ့ပါတယ်။  မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ပေမယ့် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခြင်းမရှိသလို ဂျူဗင်တပ်အသင်းဟာလည်း ၁၆ သင်းအဆင့်နဲ့ ကျေနပ်ခဲ့ရတာကြောင့် ရော်နယ်ဒို ပါဝင်လာခြင်း မရှိခဲ့တာပါ။  အကောင်းဆုံးဂိုးသမားဆုအတွက် ဘိုင်ယန်က နူအာ၊ ပီအက်စ်ဂျီက နာဗက်စ်၊ အက်သလက်တီကိုက ဂျန်အိုလက်တို့ ပါဝင်ပါတယ်။  အကောင်းဆုံးနောက်ခံလူဆုအတွက်  ဘိုင်ယန်က အလာဘာ၊ အယ်လ်ဖွန်ဆုနဲ့ ကင်မင်စ်ချ်၊ အလယ်တန်းဆုအတွက် မန်စီးတီးက ဒီဘရိုင်း၊ ဘိုင်ယန်က မူလာနဲ့အယ်ကန်တာရာတို့ ပါဝင်ပါတယ်။ အကောင်းဆုံးတိုက်စစ်ကစားသမားဆုအတွက် ဘိုင်ယန်က လီဝန်ဒေါစကီး၊ ပီအက်စ်ဂျီက နေမာနဲ့ အမ်ဘာပေတို့ ပါဝင်ခဲ့ပါတယ်။ ဆုရွေးချယ်မှုကို  နည်းပြတွေ နဲ့ ဂျာနယ်လစ်တွေက မဲပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
8 months Ago

October 12, 2019

ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးဆု လီဗာပူးနည်းပြနှင့် အာဆင်နယ်မှ အူဘာမီယန်း ရရှိ

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးဆုတွေကို ထုတ်ပြန်ခဲ့ရာမှာ လီဗာပူးနည်းပြ ကလော့ပ်နဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းတို့ ရရှိခဲ့ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ဟာ စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ နယူးကာဆယ်၊ ချဲလ်ဆီး၊ ရှက်ဖီးနဲ့ ပွဲစဉ်တွေမှာ အနိုင်ရခဲ့တာကြောင့် အကောင်းဆုံးနည်းပြဆုကို ၂ လဆက်တိုက် ရယူနိုင်ခဲ့တာပါ။ နည်းပြဘဝမှာ ၅ ကြိမ်မြောက် ရရှိသွားခဲ့တာပါ။ တလတာ အကောင်းဆုံး ကစားသမားဆုကိုတော့ စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက ရရှိခဲ့တာပါ။  အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ဖူးပြီး ၂ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
2 years Ago
Up