အကောင်းဆုံးခြေစွမ်

February 16, 2020

ပေပေ၏ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရတော့မည်ဟု အာဆင်နယ်နည်းပြပြော

အာဆင်နယ် တောင်ပံတိုက်စစ်ကစားသမား ပေပေရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရ တော့မှာဖြစ်တယ်လို့ နည်းပြအာတီတာကပြောပါတယ်။  နီကိုလပ်ပေပေဟာပြင်သစ် ကလပ်လိုင်လီအသင်းကနေ အခုနှစ်ရာသီအစကမှ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၂၁ပွဲမှာ ၃ ဂိုးသွင်း၊ ၃ကြိမ်ဂိုးဖန်တီးမူပြုလုပ်ထားတဲ့ ပေပေဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး ဘယ်ကစားသမားမဆို အလျင်အမြန် အထိုင်ကျဖို့ ခက်ခဲတယ်လို့ နည်းပြအာတီတာကပြောပါတယ်။  ဒါပေမယ့် ပေပေရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်ရဖို့အတွက် အချိန်သိပ်မလိုတော့ကြောင်း အာတီတာကပြောပါတယ်။  ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ ကစားသမားတိုင်းဟာ ပထမ တစ်နှစ်လောက်မှာ ရုန်းကန်ရလေ့ရှိပြီး နောက်ထပ် ၅ နှစ်လောက်မှာတော့ အကောင်းဆုံးခြေစွမ်းပြလေ့ရှိတာကို မြင်တွေ့ နိုင်ကြောင်းလည်း အာတီတာကပြောပါတယ်။ 
1 year Ago
Up