အကောင်းဆုံးကြိုးစားပေ

October 31, 2020

အိုဇေးလ်အတွက် စိတ်ရှည်စွာဖြင့် အကောင်းဆုံးကြိုးစားပေးခဲ့ဟု နည်းပြအာတီတာ ပြော

ကွင်းလယ်လူ အိုဇေးလ်နဲ့ ပတ်သက်လို့ စိတ်ရှည်သီးခံပြီး အကောင်းဆုံးကြိုးစားပေးခဲ့တယ်လို့ နည်းပြအာတီတာက ပြောပါတယ်။  အာတီတာဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦး စာရင်းတင်သွင်းခဲ့ရာမှာ ကွင်းလယ်လူ အိုဇေးလ်ကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။  အဲဒီအတွက် သူ့ကို ဝေဖန်မှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး အာတီတာ ပြန်လည်ဖြေရှင်းခဲ့တာပါ။  အိုဇေးလ်အတွက် အကောင်းဆုံး ကြိုးပမ်းခဲ့တယ်ဆိုတာ ပြောနိုင်ပြီး အခွင့်အရေးတွေ အများကြီးပေးဖို့လည်း ကြိုးပမ်းခဲ့ကြောင်း၊ သူနဲ့ ပတ်သက်လို့ စိတ်ရှည်ပေးခဲ့ပြီး အခွင့်အရေးတွေလည်း ပေးခဲ့တာကြောင့် မျှတမှုရှိတယ်လို့ အာတီတာက ပြောပါတယ်။  ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အိုဇေးလ်က အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး အဲဒီအတွက် လေးစားမှုရှိကြောင်းနဲ့ အသင်းအတွက် အကောင်ဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရတာလို့ ဖြေရှင်းခဲ့ပါတယ်။  အိုဇေးလ်ဟာ နည်းပြအာတီတာ ပြောင်းရွှေ့လာခါစက ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လနောက်ပိုင်းမှာ အသင်းအတွက် တပွဲမှကစားခွင့်ရခြင်းမရှိခဲ့တာဖြစ်ပါတယ်။ 
1 year Ago
Up