အကောင်းဆုံးကစားသမား

A d v e r t i s e m e n t With Us

January 31, 2021

မက်ဆီက အကောင်းဆုံးကစားသမားဟု ကာရေဂါ သုံးသပ်

မက်ဆီက တခြားသူတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူဖြစ်ပြီး ရော်နယ်ဒိုက လေးစားစရာ ကစားသမား ဖြစ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၂ ဦးထဲမှာ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာ လီဗာပူးဂန္ထဝင် ကာရေဂါက ပြန်လည်ဖြေကြားခဲ့တာပါ။ 

မက်ဆီက အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘဲ အများစုနဲ့ ထပ်တူကျကြောင်း ကာရေဂါက ပြောပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ပိုမိုလေးစားစရာ ကောင်းပြီး စိတ်ဓာတ်ပိုင်း၊ အာရုံစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတွေမှာ ပိုကောင်းတယ်လို့ ကာရေဂါက ပြောပါတယ်။ 

ရော်နယ်ဒိုက တခြားကစားသမားတွေ လုပ်နိုင်တာကို မကြာခဏလုပ်ပြနိုင်သူဖြစ်ပြီး မက်ဆီကတော့ တခြား ကစားသမားတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို မက်ဆီက ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုက ၅ ကြိမ် ရရှိထားပါတယ်။

1 month Ago

October 28, 2020

မက်ဆီနှင့် ရော်နယ်ဒို အကောင်းဆုံးကစားသမားများ ဖြစ်နေဆဲဟု ပီယာလို သုံးသပ်

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးဟာ အသက်အရွယ်ရလာပေမယ့် အကောင်းဆုံးကစားသမားတွေအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ နည်းပြ ပီယာလိုက ချီးကျူးလိုက်ပါတယ်။  နည်းပြ ပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီကနေ့ညမှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး တိုက်စစ်မှူးရော်နယ်ဒိုနဲ့ ပြိုင်ဘက်ကစားသမား မက်ဆီတို့ ၂ ဦးစလုံးကို ချီးကျူးသွားခဲ့တာပါ။  ရော်နယ်ဒိုက ကိုဗစ်-၁၉ ရောဂါကြောင့် သီးသန့်နေထိုင်နေရပေမဲ့ ဘာစီလိုနာနဲ့ ပွဲမတိုင်ခင်မှာ ပိုးရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပြီး Negative အဖြေထွက်ခဲ့ရင် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။  နည်းပြ ပီယာလိုကတော့ ရော်နယ်ဒိုရဲ့ အဖြေကို စောင့်ကြည့်ပြီးမှ လိုအပ်သလို စီစဉ်မယ်လို့ ပြောပါတယ်။  မက်ဆီက ခေတ်သစ် ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အစိတ်အပိုင်းကစားသမားတဦးဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ၁၅ နှစ်ကြာ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်တယ်လို့ ပီယာလိုက ပြောပါတယ်။  အသက်အရွယ် ရလာကြပေမဲ့ ၂ ဦးစလုံးက အကောင်းဆုံးကစားသမားတွေအဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း နည်းပြ ပီယာလိုက မှတ်ချက်ပေးခဲ့ပါတယ်။
4 months Ago
More News
Up