တတိယအသုတ်အဖြစ် တင်ပို့တဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ ဇူလိုင် ၃၁ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံကို ရောက်လာပြီလို့ ကြက်ခြေနီအဖွဲ့ကိုယ်စားလှယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ပထမဆုံး တင်ပို့တဲ့ အကူအညီတွေ ဗင်နီဇွဲလားကို ရောက်ခဲ့ပြီး ဒီလအစောပိုင်းမှာတော့ ဒုတိယအသုတ် ရောက်ခဲ့ပါတယ်။
ဗင်နီဇွဲလား ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူက ပြီးခဲ့တဲ့ နှစ်ခေါက်က ရခဲ့တဲ့ လူသားချင်း စာနာမှု အကူညီတွေကို ပြည်နယ် ၁၄ ခုဆီ ပေးပို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုရောက်လာတဲ့ အကူအညီတွေကို အကူအညီ မပို့ပေးရသေးတဲ့ ပြည်နယ်တွေနဲ့ ထောက်ပံ့ရေး မရသေးတဲ့ သူတွေထံ တိုးချဲ့ပို့ဆောင်ပေးသွားမယလို့လည်း သိရပါတယ်။
ကြက်ခြေနီ အဖွဲ့တာဝန်ရှိသူက အကူအညီဖြန့်ဝေရေးကို တပတ်အတွင်း လုပ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားပြည်သူ လေးပုံတပုံဟာ လူသားချင်းစာနမှု အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
လူဦးရေ ၁ ဒသမ ၉ သန်းဟာ အာဟာရပြတ်လပ်မှု ကြုံတွ့နေပြီး ဆေးဝါးပြတ်လပ်မှုကြောင့် လူ ၃ သိန်း အသက်ဆုံးရှုံ့းမယ့်အန္တရာယ် ရှိတယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။
Zawgyi Version
ဗင္နီဇြဲလားႏိုင္ငံကို တတိယအသုတ္ လူသားခ်င္းစာနာမႈ အကူအညီမ်ား ေရာက္ရွိ
DVB
တတိယအသုတ္အျဖစ္ တင္ပို႔တဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြဟာ ဇူလိုင္ ၃၁ ရက္ေန႔က ဗင္နီဇြဲလားႏိုင္ငံကို ေရာက္လာၿပီလို႔ ၾကက္ေျခနီအဖြဲ႕ကိုယ္စားလွယ္က ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလက ပထမဆုံး တင္ပို႔တဲ့ အကူအညီေတြ ဗင္နီဇြဲလားကို ေရာက္ခဲ့ၿပီး ဒီလအေစာပိုင္းမွာေတာ့ ဒုတိယအသုတ္ ေရာက္ခဲ့ပါတယ္။
ဗင္နီဇြဲလား ၾကက္ေျခနီအဖြဲ႕ တာဝန္ရွိသူက ၿပီးခဲ့တဲ့ ႏွစ္ေခါက္က ရခဲ့တဲ့ လူသားခ်င္း စာနာမႈ အကူညီေတြကို ျပည္နယ္ ၁၄ ခုဆီ ေပးပို႔ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။
အခုေရာက္လာတဲ့ အကူအညီေတြကို အကူအညီ မပို႔ေပးရေသးတဲ့ ျပည္နယ္ေတြနဲ႔ ေထာက္ပံ့ေရး မရေသးတဲ့ သူေတြထံ တိုးခ်ဲ႕ပို႔ေဆာင္ေပးသြားမယလို႔လည္း သိရပါတယ္။
ၾကက္ေျခနီ အဖြဲ႕တာဝန္ရွိသူက အကူအညီျဖန႔္ေဝေရးကို တပတ္အတြင္း လုပ္သြားမယ္လို႔လည္း ေျပာခဲ့ပါတယ္။
ဗင္နီဇြဲလားျပည္သူ ေလးပုံတပုံဟာ လူသားခ်င္းစာနမႈ အကူအညီ လိုအပ္ေနတယ္လို႔ ကုလသမဂၢက ခန႔္မွန္းပါတယ္။
လူဦးေရ ၁ ဒသမ ၉ သန္းဟာ အာဟာရျပတ္လပ္မႈ ႀကဳံတြ႕ေနၿပီး ေဆးဝါးျပတ္လပ္မႈေၾကာင့္ လူ ၃ သိန္း အသက္ဆုံးရႈံ႕းမယ့္အႏၲရာယ္ ရွိတယ္လို႔ ကုလသမဂၢ ကိန္းဂဏန္းေတြက ေဖာ္ျပပါတယ္။
2 years Ago